ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများဆိုသည်မှာ အဘယ်နည်း။
လိမ်လည်မှု သို့မဟုတ် အယောင်ဆောင်မှုဟူသည်မှာ တစ်စုံတစ်ဦးက သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် ငွေကြေးများအား လိမ်လည်ခိုးယူခြင်း ဖြစ်ပါသည်။ ယင်းသည် တရားမဝင်သော်လည်း အဖြစ်များပါသည်။ သင်သည် ရွှေ့ပြောင်းနေထိုင်ရေး ဝန်ဆောင်မှုများအတွက် လျှောက်ထားစဉ် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများကို ကြုံတွေ့ရနိုင်ပါသည်။ သင့်အထောက်အထားကို ခိုးယူရန် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုပြီး အဆိုပါအချက်အလက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
- သင့်အမည်နှင့် လိပ်စာ
- ဘဏ်အကောင့်နံပါတ်နှင့် ခရက်ဒစ်ကတ်နံပါတ်များ
- လူမှုဖူလုံရေးနံပါတ်
- ဆေးဘက်ဆိုင်ရာ အာမခံနံပါတ်များ
တစ်စုံတစ်ယောက်က အဆိုပါအသေးစိတ်အချက်အလက်များကို တောင်းခံပါက သတိထားပါ။ အဆိုပါအချက်အလက်များအား သင် ယုံကြည်ရသူကိုသာ ပေးအပ်ပါ။ ဖုန်း၊ အီးမေးလ်၊ စာတို သို့မဟုတ် ဆိုရှယ်မီဒီယာမှတစ်ဆင့် မေးမြန်းသူအား ဤသတင်းအချက်အလက်ကို မပေးပါနှင့်။
လူဝင်မှုကြီးကြပ်ရေး အခကြေးငွေ လိမ်လည်မှုများ
လူဝင်မှုကြီးကြပ်ရေး အခကြေးငွေများအတွက် ငွေပေးချေရန် တောင်းဆိုသည့် လိမ်လည်မှုများမှာ အဖြစ်များပါသည်။ လူဝင်မှုကြီးကြပ်ရေး အခကြေးငွေများနှင့် လျှောက်လွှာများကို အောက်ဖော်ပြပါဌာနများက ကိုင်တွယ်ဖြေရှင်းပါသည်–
- အမေရိကန်ပြည်ထောင်စု နိုင်ငံသားဖြစ်မှုနှင့် ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ (USCIS)
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန (DOS)
- တရားရေးဌာန (DOJ) / ရွှေ့ပြောင်းနေထိုင်မှု သုံးသပ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးရုံး (EOIR)။
USCIS သည် ငွေပေးချေမှုများကို သင်၏ myUSCIS အကောင့်မှတစ်ဆင့် အွန်လိုင်းဖြင့်ဖြစ်စေ၊ သို့မဟုတ် သင့်လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့သော လက်မှတ်ရေးထိုးထားသည့် ငွေပေးချေမှု ခွင့်ပြုချက်ပုံစံကို အသုံးပြု၍ စာတိုက်မှတစ်ဆင့်ဖြစ်စေသာလျှင် လက်ခံမည် ဖြစ်ပါသည်။ အွန်လိုင်းတွင် လျှောက်လွှာတစ်ခု ပြီးမြောက်သောအခါ pay.gov ၌ အခကြေးငွေများ ပေးဆောင်ရန် လမ်းညွှန်မည် ဖြစ်ပါသည်။
USCIS သည် အောက်ပါတို့ကို လုံးဝတောင်းဆိုမည်မဟုတ်ပါ။
- ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် ငွေပေးချေမှု
- Payment through services like Western Union, MoneyGram, PayPal, Venmo, Cash App, Zelle, gift cards, or cryptocurrency
- တစ်စုံတစ်ဦးထံ ငွေလွှဲရန် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံ ပေးချေရန်
USCIS အခကြေးငွေများ ပေးဆောင်ခြင်းအကြောင်း ပိုမိုလေ့လာပါ။
USCIS နှင့် EOIR လူဝင်မှုကြီးကြပ်ရေးဖောင်များအားလုံးကို USCIS.gov နှင့် justice.gov တွင် အခမဲ့ ရရှိနိုင်ပါသည်။ သင့်အား ဖောင်အတွက် မည်သူကမျှ အခကြေးငွေ ကောက်ခံမည်မဟုတ်ပါ။
တရားဝင် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများ
လိမ်လည်သူများသည် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အတိုင်ပင်ခံရှေ့နေများ သို့မဟုတ် ယုံကြည်စိတ်ချရသော အကျိုးအမြတ်မယူ အဖွဲ့အစည်းများအဖြစ် ဟန်ဆောင်နိုင်ပါသည်။ ၎င်းတို့သည် အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် တရားဝင်ပုံပေါ်စေရန် အမည်များ၊ လိုဂိုများနှင့် ဓာတ်ပုံများကို ကူးယူနိုင်ပါသည်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား မယုံကြည်မီ သို့မဟုတ် ငွေကြေးမပေးချေမီ ၎င်းတို့သည် အမှန်တကယ်ဖြစ်ကြောင်း တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် အမြဲတစေ စစ်ဆေးအတည်ပြုပါ။
တစ်စုံတစ်ဦးက အလွန်များပြားသော အခကြေးငွေများ သို့မဟုတ် အထူးသဖြင့် ဒေါ်လာထောင်ပေါင်းများစွာကို ကြိုတင်ပေးချေရန် တောင်းဆိုပါက သတိထားပါ။ လိမ်လည်သူများသည် များသောအားဖြင့် ငွေကြေးအမြောက်အမြား တောင်းခံလေ့ရှိပြီး ငွေရရှိပြီးနောက်တွင် ပျောက်ကွယ်သွားခြင်း သို့မဟုတ် သင်၏လုပ်ငန်းစဉ်များကို အပြီးသတ်ဆောင်ရွက်ပေးခြင်း မရှိတတ်ကြပါ။
Notarios Publicos
အမေရိကန်ပြည်ထောင်စုတွင် အတွေ့ရများသော လိမ်လည်လှည့်ဖြားမှုတစ်ခုမှာ မိမိကိုယ်ကို “notarios” (နိုတာရီယို) ဟု ခေါ်ဆိုသူများက တရားမဝင်သော သို့မဟုတ် မမှန်ကန်သော ဥပဒေရေးရာ အကူအညီများ ပေးမည်ဟု ကမ်းလှမ်းခြင်း ဖြစ်ပါသည်။ ရှေ့နေများနှင့် DOJ အသိအမှတ်ပြု ကိုယ်စားလှယ်များကသာ ဥပဒေရေးရာ အကြံဉာဏ်များကို ပေးပိုင်ခွင့်ရှိပါသည်။
လက်တင်အမေရိကနှင့် ဥရောပနိုင်ငံများစွာတွင် notario publicos (စာချုပ်စာတမ်း သက်သေခံ အစိုးရရှေ့နေ) သည် ဥပဒေရေးရာ အကြံဉာဏ်ပေးပိုင်ခွင့်ရှိသော လိုင်စင်ရ ရှေ့နေများ ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုတွင် စာချုပ်စာတမ်း သက်သေခံရှေ့နေများသည် ကျမ်းကျိန်ပြီး အရေးကြီးသော စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးခြင်းကို သက်သေခံပါသည်။ အမေရိကန်ပြည်ထောင်စုရှိ စာချုပ်စာတမ်း သက်သေခံ အစိုးရရှေ့နေများသည် မည်သည့်ဥပဒေရေးရာ ဝန်ဆောင်မှုမျိုးကိုမဆို ပေးအပ်ရန် လေ့ကျင့်သင်ကြားထားခြင်း သို့မဟုတ် ခွင့်ပြုချက်ရရှိထားခြင်း မရှိပါ။
သင့်အား လိမ်လည်ရန်ကြိုးစားနေသော အမေရိကန်ပြည်ထောင်စုရှိ စာချုပ်စာတမ်း သက်သေခံရှေ့နေများသည်-
- ဥပဒေရေးရာ ဝန်ဆောင်မှုများကို ပေးဟန်ဆောင်ခြင်း
- အလုပ်လုပ်ကိုင်ခွင့်ပါမစ် သို့မဟုတ် 10 နှစ်ဗီဇာ ရရှိစေရန် ကတိပေးခြင်း
- လိုအပ်သော ကျွမ်းကျင်မှုမရှိဘဲ USCIS လျှောက်လွှာများ တင်သွင်းရန် ကမ်းလှမ်းခြင်း
- သင်၏ မူရင်းစာရွက်စာတမ်းများကို သိမ်းဆည်းထားပါ
- မှားယွင်းသော အချက်အလက်များပါဝင်သည့် ဖောင်အလွတ်များတွင် လက်မှတ်ထိုးရန် သင့်အား တောင်းဆိုသည်
- သင့်လူဝင်မှုကြီးကြပ်ရေးကိစ္စတွင် ပြဿနာများဖြစ်စေသော မှားယွင်းသည့် ဥပဒေရေးရာ အကြံဉာဏ်ပေးခြင်း
Notario (နိုတာရီယို) လိမ်လည်မှုကြောင့် နစ်နာသူများအတွက် အကြံပြုချက်များကို ဖတ်ရှု၍ ပိုမိုလေ့လာပါ။
Fake legal help on social media
Scammers may pretend to be trusted nonprofit organizations, lawyers, or accredited representatives on Facebook, WhatsApp, and other apps. They may offer free or low-cost immigration help, then ask for your personal information or money.
Be careful if someone contacts you through social media and asks for your A-number, passport, address, or payment. Check the organization’s official website or call them directly before sharing information. Trusted organizations will not pressure you to act quickly or pay right away.
You can also verify a lawyer is real by asking to check their license number.
လိုင်စင်ရ လူဝင်မှုကြီးကြပ်ရေး ရှေ့နေ သို့မဟုတ် အသိအမှတ်ပြု တရားဝင်ကိုယ်စားလှယ်ထံမှ ဥပဒေရေးရာ အကြံဉာဏ် ရယူကြောင်း သေချာပါစေ။ စိတ်ချယုံကြည်ရသော ဥပဒေရေးရာ ဝန်ဆောင်မှုပေးသူများအား ရှာဖွေနည်းကို လေ့လာပါ။
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှု ဝဘ်ဆိုက်များ
လူဝင်မှုကြီးကြပ်ရေး အယောင်ဆောင် ဝက်ဘ်ဆိုဒ်တစ်ခုသည် USCIS လျှောက်လွှာတင်ရန် ညွှန်ကြားချက်များနှင့် အကူအညီ ပေးဟန်ဆောင်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် အယောင်ဆောင် ဝက်ဘ်ဆိုဒ်များသည် တရားဝင်ဆိုက်များနှင့် ဆင်တူစေရန် ကြိုးစားတတ်ကြပြီး တူညီသော ပုံစံ သို့မဟုတ် တရားဝင်တံဆိပ်ကို အသုံးပြုတတ်ကြပါသည်။ ၎င်းတို့တွင် စာလုံးပေါင်းအမှားများ ကြိုကြားကြိုကြား ပါရှိနိုင်ပါသည်။
အကြံပြုချက်များ-
- ဝက်ဘ်ဆိုဒ်ကို “https” လိပ်စာနှင့် လော့ခ်အိုင်ကွန် (🔒) ဖြင့် လုံခြုံအောင် ဆောင်ရွက်ထားကြောင်း သေချာပါစေ။
- တရားဝင် အစိုးရဆိုက်များသည် .gov ဖြင့် အဆုံးသတ်သည်
- တရားဝင်ဆိုက်များကို အသုံးပြုပါ - USCIS.gov၊ DHS.gov၊ justice.gov
- တရားဝင်ဝက်ဘ်ဆိုဒ်မှ အခမဲ့ အစိုးရဖောင်ပုံစံများကို ဒေါင်းလုဒ်လုပ်ပါ
- USCIS-online.org ကဲ့သို့သော ဆင်တူသည့်လိပ်စာဖြစ်စေရန် ကြိုးပမ်းထားသည့်ဆိုက်များအား အသုံးမပြုပါနှင့်
လိမ်လည်မှုများသည် Facebook၊ Instagram၊ WhatsApp နှင့် အခြားလူမှုမီဒီယာပလက်ဖောင်းများတွင် ဖြစ်ပွားလေ့ရှိပါသည်။ မက်ဆေ့ချ်များ၊ ကြော်ငြာများ သို့မဟုတ် မှတ်ချက်များမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကူအညီပေးနေသူ မည်သူမဆိုကို သတိထားပါ။ အစိုးရအေဂျင်စီများသည် လူမှုမီဒီယာမှတစ်ဆင့် သင့်အား ဆက်သွယ်မည်မဟုတ်ပါ။
အွန်လိုင်းတွင် ဘေးကင်းစွာ နေထိုင်ခြင်းအကြောင်း ပိုမိုလေ့လာပါ။
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှု အီးမေးလ်များ
အယောင်ဆောင် အီးမေးလ်များကို အလွန်အသုံးများပါသည်။ အယောင်ဆောင် အီးမေးလ်များတွင် နှိပ်လိုက်ပါက သင့်စက်၌ malware ကို ဒေါင်းလုဒ်လုပ်သည့် ဖိုင်များ သို့မဟုတ် လင့်ခ်များ ပါရှိပါသည်။ ၎င်းတို့သည် အကောင့်နံပါတ်များကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တောင်းခံနိုင်သည် သို့မဟုတ် ငွေပေးချေမှုများ ပြုလုပ်ရန် တောင်းဆိုနိုင်ပါသည်။
သံသယဖြစ်ဖွယ် အီးမေးလ်များတွင် အောက်ပါတို့ ပါရှိနိုင်သည်-
- သင့်အမည်တွင် ကဲ့သို့သော ကြိုကြားကြိုကြား စာလုံးပေါင်းအမှားများ
- ထူးဆန်းသော အက္ခရာများနှင့် ကွဲပြားသော ဖောင့်များ
- အစိုးရဝက်ဘ်ဆိုဒ်အတုများသို့ လင့်ခ်များ
အကြံပြုချက်များ-
- သံသယဖြစ်ဖွယ် အီးမေးလ်များကို မဖွင့်ပါနှင့်
- သင် မသိရှိသောသူထံမှ အီးမေးလ်ကို ဖွင့်ရာတွင် သတိထားပါ။
- USCIS သို့မဟုတ် အမေရိကန်ပြည်ထောင်စုအစိုးရထံမှ အီးမေးလ်များအားလုံးသည် အမြဲတစေ .gov ဖြင့် အဆုံးသတ်ပါသည်
- မည်သည့်လင့်ခ်ကိုမျှ မနှိပ်ပါနှင့်
- လင့်ခ်များကို နှိပ်မည့်အစား ဝဘ်ဆိုက်လိပ်စာကို Google တွင် ရှာဖွေပါ သို့မဟုတ် ရိုက်ထည့်ပါ
- အီးမေးလ်မှတစ်ဆင့် ငွေပေးချေမှုများ မပြုလုပ်ပါနှင့်
- သံသယဖြစ်ဖွယ် အီးမေးလ်များကို အကြောင်းမပြန်ပါနှင့်
- USCIS ဆုံးဖြတ်ချက်ပါရှိကြောင်း ဖော်ပြထားသည့် အီးမေးလ်များကို သတိထားပါ
- မှန်ကန်သော အချက်အလက်များ ရရှိခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရန် myUSCIS သို့ သွားပါ (အရေးကြီးသော အပ်ဒိတ်များအားလုံး ထိုနေရာတွင် ရှိပါမည်)
news@uscis.gov သည် လူလိမ်အီးမေးလ်တစ်ခု ဖြစ်ပါသည်။ အဆိုပါလိပ်စာမှ အီးမေးလ်များကို မဖွင့်ပါနှင့် သို့မဟုတ် ၎င်း၏လင့်ခ်များကို မနှိပ်ပါနှင့်။
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှု ဖုန်းခေါ်ဆိုမှုများ နှင့် စာတိုများ
လူအများစုသည် အယောင်ဆောင် ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုများကို ရရှိကြပါသည်။ ယေဘုယျအားဖြင့် အယောင်ဆောင်လိမ်လည်သူများသည် သင် ဖုန်းကိုင်စေရန်အတွက် ၎င်းတို့၏ ခေါ်ဆိုသူ ID ကို သင်၏ဧရိယာကုဒ်နှင့် ကိုက်ညီအောင် ပြောင်းလဲလေ့ရှိပါသည်။
လိမ်လည်၍ ဖုန်းခေါ်ဆိုသူသည်-
- လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးအဖြစ် ဟန်ဆောင်နိုင်သည်
- ကိုယ်ရေးကိုယ်တာအချက်အလက် သို့မဟုတ် ငွေပေးချေမှုကို တောင်းခံနိုင်သည်
- သင့်အချက်အလက် မှားယွင်းနေသည် သို့မဟုတ် သင် အခကြေးငွေများ ပေးဆောင်ရန်ရှိသည်ဟု ပြောဆိုကာ သင့်အား တိုင်ကြားမည်ဟု ခြိမ်းခြောက်နိုင်သည်
အကြံပြုချက်များ-
- USCIS သည် ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် ဖုန်းဖြင့် ငွေပေးချေမှုများကို တောင်းခံခြင်းမပြုပါ
- ဖုန်းခေါ်ဆိုမှုအား အစစ်အမှန်ဟုတ်၊ မဟုတ် မသေချာပါက USCIS သို့မဟုတ် EOIR သို့ ဆက်သွယ်စစ်ဆေးပါ
- တရားဝင်ဆိုက်တွင် အေဂျင်စီ၏ ဆက်သွယ်ရန်အချက်အလက်များကို ရှာဖွေပါ
- သံသယဖြစ်ဖွယ် ခေါ်ဆိုမှုများကို ဖုန်းချပြီး ၎င်းတို့ထံ ပြန်လည်ခေါ်ဆိုရန် မကြိုးစားပါနှင့်
- မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုများကို ဘလော့ပါ
- မေးမြန်းလိုသည်များရှိပါက လူဝင်မှုကြီးကြပ်ရေး ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်ထံ ဆက်သွယ်ပါ
လိမ်လည်သူများသည် လူမှုမီဒီယာတွင် သင့်ကို ဆက်သွယ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီပြည်ဝင်ခွင့်ပြုခြင်းကဲ့သို့သော လူဝင်မှုကြီးကြပ်ရေးလျှောက်လွှာနှင့်ပတ်သက်၍ အကူအညီပေးရန် ကမ်းလှမ်းနိုင်ပါသည်။ USCIS သည် Facebook၊ Twitter၊ LinkedIn၊ WhatsApp သို့မဟုတ် အခြားအွန်လိုင်း ပလက်ဖောင်းများမှတစ်ဆင့် သင့်ထံ ဆက်သွယ်မည်မဟုတ်ပါ။
အဖြစ်များသော ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများ
ဤသည်မှာ အများပြည်သူထံ မျှဝေထားသော ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများဆိုင်ရာ အာဏာပိုင်များ အသေးစိတ်စာရင်း ဖြစ်ပါသည်။ လျှောက်လွှာများ ပေးပို့ရမည့်နေရာကို သိရန်နှင့် သင့်အား ခွင့်ပြုခြင်း ရှိ၊ မရှိ သိရှိရန် လျှောက်လွှားများရှိ ညွှန်ကြားချက်များကို ဖတ်ပါ။
လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေးဆိုင်ရာ လိမ်လည်မှုများ
လိမ်လည်သူများသည် သင့်အား ပစ်မှတ်ထားရန် ICE အရာရှိများအဖြစ် အယောင်ဆောင်နိုင်သည်။ ၎င်းတို့သည် ပြည်နှင်ဒဏ်မခံရအောင် ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် ငွေကြေး တောင်းခံရန် လူမှုမီဒီယာတွင် သင့်အား ဖုန်းခေါ်ဆိုခြင်း၊ စာတို၊ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ် ပို့ခြင်းများကို ပြုလုပ်နိုင်သည်။ ICE နှင့် ဒေသခံ ရဲများသည် ပြည်နှင်ဒဏ်အကြောင်း သတိပေးရန် တစ်ဦးချင်းစီထံ မဆက်သွမဆက်သွယ်ပါ။
လူဝင်မှုကြီးကြပ်ရေးအရာရှိဟု အခိုင်အမာဆိုကာ သင့်ကို တစ်ဦးဦးက တားဆီးလျှင် ၎င်း၏ တံဆိပ်ကို ပြရန်နှင့် ၎င်းတို့ အလုပ်လုပ်သော ဌာနကို ပြောပြရန် တောင်းဆိုပါ။ ရှေ့နေမပါဘဲ မည်သည့်စာရွက်စာတမ်းတွင်မဆို လက်မှတ်မထိုးပါနှင့်။ ICE စီးနင်းမှုများအတွက် ကြိုတင်ပြင်ဆင်ထားပါ။
အာဖဂန်နိုင်ငံသား ကိုယ်ရေးကိုယ်တာ အချက်အလက် လိမ်လည်မှုများ
အာဖဂန်နိုင်ငံသား ကိုယ်ရေးကိုယ်တာအချက်အလက် လိမ်လည်မှုများ သည် ရွှေ့ပြောင်းနေထိုင်မှု အကျိုးခံစားခွင့် ရရှိနိုင်စေရန်အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေရန် သင့်အား တောင်းဆိုနိုင်ပါသည်။ ယေဘုယျအားဖြင့် USCIS သည် ရွှေ့ပြောင်းနေထိုင်မှု အကျိုးခံစားခွင့်တစ်ခုအတွက် သင့်အား အတည်ပြုလိုက်သည်ဟု အကြောင်းကြားသော အီးမေးလ်များကို ပေးပို့ခြင်းမပြုပါ။
လုပ်ငန်းစဉ် မြန်ဆန်စေမည်ဟူသော လိမ်လည်မှုများ
အမြန်ဆောင်ရွက်ပေးသည်ဟု အယောင်ဆောင်လိမ်လည်မှုများသည် အခကြေးငွေ ပေးဆောင်ပါက ဗီဇာ၊ ဂရင်းကတ် သို့မဟုတ် အလုပ်ပါမစ် အမြန်ရရှိမည်ဟု သင့်အား ကတိပြုနိုင်ပါသည်။ ၎င်းတို့က ယင်းကို "ကြားဖြတ်ခြင်း" ဟု ခေါ်ပါသည်။ ၎င်းတို့သည် သင့်ကိစ္စရပ်အား အမြန်ဆောင်ရွက်ပေးရန်အတွက် အစိုးရအဖွဲ့အတွင်း အဆက်အသွယ်ရှိသည်ဟုလည်း ဆိုနိုင်ပါသည်။
ပုံမှန်လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်ကြာချိန်ထက် ကျော်လွန်၍ ဝန်ဆောင်မှုများကို မြန်ဆန်အောင် လုပ်ဆောင်၍မရပါ သို့မဟုတ် ရလဒ်များကို အာမမခံနိုင်ပါ။
ဖောင် I-9 အီးမေးလ် လိမ်လည်မှုများ
ဖောင် I-9 အီးမေးလ် လိမ်လည်မှုများသည် USCIS အရာရှိများအဖြစ် ဟန်ဆောင်ကာ အလုပ်ရှင်များထံမှ ဖောင် I-9 အချက်အလက်များကို တောင်းခံနိုင်ပါသည်။ အလုပ်ရှင်များသည် ဖောင်ပုံစံ I-9 ကို USCIS ထံ တင်ပြရန် မလိုအပ်ပါ။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီပြည်ဝင်ခွင့်ပြုခြင်း လိမ်လည်မှုများ
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီပြည်ဝင်ခွင့်ပြုခြင်း လိမ်လည်မှုများ သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် အာမခံသူများအပေါ် အခွင့်ကောင်းယူရန် ပစ်မှတ်ထားနိုင်သည်။ လိမ်လည်သူများသည် အွန်လိုင်း သို့မဟုတ် လူမှုမီဒီယာမှတစ်ဆင့် သင့်အား ဆက်သွယ်ပြီး သင်၏ထောက်ခံသူအဖြစ် လုပ်ဆောင်ပေးကာ အလဲလှယ်အနေဖြင့် အခကြေးငွေ သို့မဟုတ် သင်၏ပတ်စ်ပို့နံပါတ် သို့မဟုတ် မွေးသက္ကရာဇ်ကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များ တောင်းခံခြင်း အပေးအယူကို ကမ်းလှမ်းနိုင်ပါသည်။
အာမခံသူများသည် အကျိုးခံစားခွင့်ရှိသူများကို ၂ နှစ်အထိ ငွေကြေးထောက်ပံ့ပေးရန် တာဝန်ရှိပါသည်။ အကျိုးခံစားခွင့်ရှိသူများသည် ၎င်းတို့၏အာမခံသူကို ပိုက်ဆံပြန်ဆပ်ရန် သို့မဟုတ် ၎င်းတို့အတွက် အလုပ်လုပ်ပေးရန် မလိုအပ်ပါ။ အာမခံသူများနှင့် အကျိုးခံစားခွင့်ရှိသူများသည် လျှောက်လွှာတင်ရန်အတွက် အခကြေးငွေ ပေးဆောင်ရန် မလိုပါ။
လူကုန်ကူးမှုဆိုင်ရာ လိမ်လည်မှုများ
လူကုန်ကူးခြင်းဆိုင်ရာ လိမ်လည်မှုများသည် အီးမေးလ်ဖြင့် ဆက်သွယ်သော နိုင်ငံရပ်ခြားသို့ ပို့ဆောင်သည့် သံသယဖြစ်ဖွယ်ရာ အလုပ်ကမ်းလှမ်းမှုများ ပါဝင်သော အလုပ်ခန့်အပ်ခြင်းဆိုင်ရာ လိမ်လည်မှုများမှ ဖြစ်ပွားခြင်းဖြစ်သည်။ လူကုန်ကူးမှုတွင် သင်သည် အလုပ်တစ်ခုလုပ်ရန် အတင်းအကျပ်ခိုင်းစေခံရပြီး ခြိမ်းခြောက်မှုများ၊ အကြွေးများနှင့် ရွှေ့ပြောင်းနေထိုင်မှု အခြေအနေကြောင့် ထွက်ခွာရန် မတတ်သာသော အခြေအနေများ ပါဝင်ပါသည်။ အလုပ် သို့မဟုတ် လက်မှတ်အတွက် ကတိပေးသော မည်သူ့ကိုမျှ ငွေမပေးချေပါနှင့်။
လူကုန်ကူးမှုကို ရှောင်ရှားရန်အတွက် ဘေးကင်းရေး အကြံပြုချက်များကို ရှာဖွေပါ။
ဒုက္ခသည် လိမ်လည်မှုများ
ဒုက္ခသည် လိမ်လည်မှုများသည် အထူးအစိုးရအထောက်ပံ့မှုအတွက် အရည်အချင်းပြည့်မီကြောင်း သင့်အား ပြောကြားပြီး ငွေပေးချေမှုများ ဦးစွာ ပြုလုပ်ရန် သို့မဟုတ် သင့်ဘဏ်အကောင့်အသေးစိတ်ကို ဝေမျှရန် တောင်းဆိုသည်။ ဤလိမ်လည်မှုများသည် သင့်ရွှေ့ပြောင်းနေထိုင်မှု အခြေအနေကို ကူညီပေးရန်အတွက် ငွေတောင်းခံသည်။
TPS လိမ်လည်မှုများ
TPS လိမ်လည်မှုများသည် TPS အတွက် ပြန်လည်စာရင်းသွင်းခြင်းနှင့် ပတ်သက်သော မှားယွင်းသည့် အချက်အလက်များကို မကြာခဏ ပေးဆောင်လေ့ရှိပါသည်။ အဆိုပါလိမ်လည်မှုများသည် သင့် TPS ကို သက်တမ်းတိုးရန်အတွက် ဖောင်ပုံစံများနှင့် ငွေပေးချေမှုများအား တင်သွင်းရန် တောင်းဆိုနိုင်ပါသည်။
ဤ USCIS ဝက်ဘ်ဆိုက် ကို အသုံးပြု၍ TPS အတွက် စာရင်းသွင်းနိုင်ပါသည် သို့မဟုတ် ပြန်လည်စာရင်းသွင်းနိုင်ပါသည်။
Bond hearing scams
Scammers may contact families of people in immigration detention through WhatsApp or Facebook and say they can help get someone released if you pay money. Some pretend to be a lawyer or use the name of a real organization.
Be careful if someone asks you to pay them, such as through Venmo, Zelle, MoneyGram, or Western Union. Immigration bonds are paid to the government.
Before paying, ask for a copy of the judge’s bond order and check that it is real. You can also check if the bond can be paid through ICE’s CeBONDS system or by contacting an ICE field office.
ဗီဇာကံစမ်းမဲ လိမ်လည်မှုများ
ဗီဇာကံစမ်းမဲ လိမ်လည်မှုများ လူမျိုးစုံ အမေရိကန်နိုင်ငံ၌ အခြေချနေထိုင်ခွင့်ဗီဇာ (DV) အစီအစဉ်အတွက် သင် ရွေးချယ်ခြင်းခံရသည်ဟု ပြောကြားနိုင်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာကံစမ်းမဲအတွက် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ သင့်ထံ အီးမေးလ်များ ပေးပို့မည်မဟုတ်ပါ။ ဗီဇာကံစမ်းမဲသည် အခမဲ့ ဖြစ်ပါသည်။ လျှောက်ထားရန်အတွက် ငွေပေးချေရန် မလိုအပ်ပါ။
မှတ်ချက်- လက်ရှိအချိန်တွင် လူမျိုးစုံ အမေရိကန်နိုင်ငံ၌ အခြေချနေထိုင်ခွင့်ဗီဇာ အစီအစဉ်ကို ရရှိနိုင်ခြင်း မရှိပါ ။
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများနှင့် လိမ်လည်မှုများကို တိုင်ကြားနည်း
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများကို တိုင်ကြားခြင်းသည် သင့်အတွက် အထောက်အကူပြုနိုင်ပါသည်။ ယင်းသည် အခြားသူများ အလားတူအဖြစ်မျိုး မတွေ့ကြုံရစေရန်လည်း အထောက်အကူပြုပါသည်။ သင်သည် လိမ်လည်မှုတစ်ခုကို အမည်ဝှက်ဖြင့် တိုင်ကြားနိုင်ပြီး သင့်အမည်ကို ဖော်ပြရန် မလိုအပ်ပါ။ တိုင်ကြားချက်ကို အခြားသူတစ်ဦး၏ကိုယ်စား တင်သွင်းနိုင်ပါသည်။
လိမ်လည်မှု သို့မဟုတ် အယောင်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရယူစုဆောင်းထားကြောင်း သေချာပါစေ-
- အခင်းဖြစ်ပွားသည့် ရက်စွဲ၊ အချိန်နှင့် တည်နေရာ
- မက်ဆေ့ချ်များနှင့် စခရင်ရှော့များ
- ပါဝင်ပတ်သက်သူ သို့မဟုတ် လုပ်ငန်း၏ အမည်များနှင့် ဆက်သွယ်ရန် အချက်အလက်များ
- ချိုးဖောက်ခြင်းဆိုင်ရာ ဖော်ပြချက်
ဖော်ပြပါသို့ တိုင်ကြားပါ | လိမ်လည်မှုအမျိုးအစား |
|---|---|
ရွှေ့ပြောင်းနေထိုင်မှု အကျိုးခံစားခွင့်များဆိုင်ရာ လိမ်လည်မှုများ | |
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်လည်မှုများ | |
လူဝင်မှုကြီးကြပ်ရေး တရားရုံး တရားစွဲဆိုမှုဆိုင်ရာ လိမ်လည်မှုများ | |
လူကုန်ကူးမှုဆိုင်ရာ လိမ်လည်မှုများ | |
USCIS နှင့် ဆက်နွယ်သည်ဟုဆိုသော သံသယဖြစ်ဖွယ် အီးမေးလ်များ၊ ဝက်ဘ်ဆိုဒ်များ သို့မဟုတ် လူမှုမီဒီယာအကောင့်များ | |
အထွေထွေလိမ်လည်မှုများ | |
ငွေကြေး သို့မဟုတ် ပစ္စည်းဥစ္စာများ ဆုံးရှုံးခြင်း | |
လိမ်လည်မှု | |
အင်တာနက် လိမ်လည်မှုများ | |
အလုပ်ရှင်၏ အယောင်ဆောင်မှုနှင့် အလွဲသုံးစားမှု |
ကူညီမှုလိုအပ်ပါက ယုံကြည်စိတ်ချရသော မိသားစုဝင်တစ်ဦး သို့မဟုတ် သူငယ်ချင်းတစ်ဦး သို့မဟုတ် သင့်ဒေသခံ ပြောင်းရွှေ့နေထိုင်သူအဖွဲ့အစည်းနှင့် ဆွေးနွေးပါ။ တစ်စုံတစ်ယောက်က သင့်အား ခြိမ်းခြောက်နေပါက ထပ်လောင်းအကူအညီ ရယူပါ။
မှားယွင်းသော အခြားအချက်အလက်များကို သတိထားပါ။
အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေး အကြောင်းအရာနှင့်ပတ်သက်သည့် မှားယွင်းသော သတင်းအချက်အလက်အများအပြားကို မျှဝေနေကြပါသည်။ လုပ်ကြံဖန်တီးထားသော သတင်းအချက်အလက်များနှင့် မှားယွင်းသော သတင်းအချက်အလက်များကို သတိထားပါ။
ယေဘုယျအားဖြင့် လုပ်ကြံဖန်တီးထားသော သတင်းအချက်အလက်များကို သတင်းအတုဟု ခေါ်ဆိုပါသည်။ ယင်းသည် သင့်ထင်မြင်ချက်ကို လွှမ်းမိုးရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ မှားယွင်းသော သတင်းအချက်အလက်များသည် သင့်ကို လှည့်ဖြားရန် တမင်ရည်ရွယ်ခြင်းမဟုတ်ဘဲ မှားယွင်းသော သတင်းအချက်အလက်များကို ပေးအပ်မိခြင်း ဖြစ်ပါသည်။
လိမ်လည်သူများသည် AI ကို အသုံးပြု၍ အသံများကို ကူးယူခြင်း၊ ဗီဒီယိုအတုများ ဖန်တီးခြင်း သို့မဟုတ် အစိုးရအရာရှိများ သို့မဟုတ် ရှေ့နေများအဖြစ် ဟန်ဆောင်၍ လက်တွေ့ဆန်သော မက်ဆေ့ချ်များ ပေးပို့ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
အကြံပြုချက်များ-
- သင့်သတင်းနှင့် အချက်အလက်များ မည်သည့်နေရာမှလာသည်ကို အာရုံစိုက်ပါ
- ဆိုရှယ်မီဒီယာမှ ရရှိသော အချက်အလက်များကို သတိထားပါ
- ဆောင်းပါး သို့မဟုတ် ပို့စ်အတွင်း ပါရှိသော မူလအရင်းအမြစ်များကို စစ်ဆေးပါ
- ယုံကြည်စိတ်ချရခြင်းရှိ၊ မရှိ သိနိုင်ရန် စာရေးဆရာနှင့် အဖွဲ့အစည်းအကြောင်း ဖတ်ရှုပါ
- အခြားအရင်းအမြစ်တစ်ခုမှ အချက်အလက်ကို စစ်ဆေးအတည်ပြုပါ
USAHello ထံမှ နောက်ထပ်အကြောင်းအရာများ
အသေးစိတ်အချက်အလက်များကို ရှာဖွေနေပါသလား။
ဤစာမျက်နှာရှိ အချက်အလက်များကို FTC, USCIS, DOJ, USA.gov, နှင့် အခြားယုံကြည်ရသော အရင်းအမြစ်များထံမှ ရရှိပါသည်။ ကျွန်ုပ်တို့သည် ပုံမှန်အပ်ဒိတ်လုပ်ထားသည့် နားလည်လွယ်သော အချက်အလက်များကို ပေးဆောင်ရန် ရည်ရွယ်ပါသည်။ ဤအချက်အလက်သည် ဥပဒေရေးရာ အကြံဉာဏ် မဟုတ်ပါ။