ကိုရိုနာ ဗိုင်းရပ်စ် အကြောင်း သိကောင်းစရာ
ဤစာမျက်နှာကို ၂၅/၅/၂၀၂၀ နေ့တွင် နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ပါသည်။ ယင်းနေ့စွဲနောက်ပိုင်း ပြင်ဆင်ချက်များကို ကြည့်ရှုရန်အတွက် အင်္ဂလိပ်ဘာသာ စာမျက်နှာသို့ ကျေးဇူးပြု၍ သွားပါ။
- English (English),
- አማርኛ (Amharic),
- العربية (Arabic),
- 简体中文 (Chinese (Simplified)),
- 繁體中文 (Chinese (Traditional)),
- فارسی (Persian),
- Français (French),
- Italiano (Italian),
- 日本語 (Japanese),
- Ikinyarwanda (Kinyarwanda),
- 한국어 (Korean),
- Português (Portuguese, Brazil),
- Русский (Russian),
- Somali (Somali),
- Español (Spanish),
- Kiswahili (Swahili),
- Tagalog (Tagalog),
- ไทย (Thai),
- Türkçe (Turkish),
- Українська (Ukrainian),
- اردو (Urdu),
- Tiếng Việt (Vietnamese)
ရွှေ့ပြောင်းလာသူများ၊ ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းခံသူများ ဗိုင်းရပ်စ် အကြောင်းနှင့် ဘေးကင်းလုံခြုံစွာ နေထိုင်နည်း အကြောင်း နားလည်စေရန် အကူအညီ။
ကိုဗစ်-၁၉ (COVID-19)ရောဂါ ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးသည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေသည်။ ဤဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းနှေးပြီး လူ့အသက်များကို ကယ်တင်နိုင်အောင် နေရာအနှံ့ရှိ လူများ အတူတကွ အလုပ်လုပ်နေကြသည်။ ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဤစာမျက်နှာတွင် ဘာသာပြန်ထားပါသည်။ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများ၊ ငွေကြေးနှင့် မိဘများအတွက် အကူအညီဆိုင်ရာ အရေးကြီးသော ပြင်ဆင်ဖြည့်စွက်ချက်များကိုလည်း ရရှိမည် ဖြစ်ပါသည်။ ကျွန်တော်တို့ ကူညီရန် အသင့် ရှိပါသည်။ ပိုမို၍ သိရှိလိုပါက [email protected] တွင် ဆက်သွယ်နိုင်ပါသည်။
ကျန်းမာအောင် နေထိုင်ပါ။
သင်ကိုယ်တိုင်နှင့် သင့်မိသားစု ကျန်းမာရေးနှင့် ညီညွတ်အောင် မည်သို့ နေထိုင်ရမည်ကို သိအောင် ကြိုးစားပါ။ သင်ကိုယ်တိုင်နှင့် အခြားသူများကို ရောဂါကူးစက်ခြင်းမှ ကာကွယ်ပါ။ ညွှန်ကြားချက်များနှင့် မည်သည်တို့ လုပ်ရမည်ကို နားလည်အောင် ကြိုးစားပါ။ ကျန်းမာရေးနှင့် ညီညွတ်အောင် မည်သို့ နေထိုင်ရမည်ကို သင်ယူပါ။
အကယ်၍ သင်နေထိုင်မကောင်းပါက အကူအညီရယူပါ
အကယ်၍ ကျွန်ုပ်တို့ နာမကျန်း ဖြစ်လာလျှင် မည်သို့ဖြစ်မည်နည်းဟု ကျွန်ုပ်တို့အားလုံး ကြောက်ရွံ့နေကြပါသည်။ သို့သော် လူတိုင်း အကူအညီ ရနိုင်ပါသည်။ သင်ကိုယ်တိုင်နှင့် သင့်မိသားစုကို ပြင်ဆင်ထားပါ။ တစ်စုံတစ်ယောက် နာမကျန်းဖြစ်လာလျှင် မည်သို့လုပ်ရမည်ကို သိအောင် ကြိုးစားပါ။ အကူအညီ ရယူပါ
ရွှေ့ပြောင်းလာသူများ၊ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံလာသူများ အတွက်
ယခုအချိန်တွင် လူတိုင်း စိုးရိမ်ပူပန်နေကြပါသည်။ သို့သော် အကယ်၍ သင်သည် အမေရိကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်းလာသူ၊ ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်တောင်းခံလာသူ တစ်ယောက်ဖြစ်လျှင် သင့်တွင် စိုးရိမ်ဖွယ်ရာများ ပိုရှိနိုင်ပါသည်။ ရွှေ့ပြောင်းလာသူ လူ့အသိုင်းအဝိုင်းများအတွက် အရေးကြီးသော သတင်းအချက်အလက်များ ဤစာမျက်နှာတွင် ရှိသည်။ အသစ်ဝင်လာသူများအတွက် သတင်းအချက်အလက်များ ရယူပါ။
မိဘများနှင့် ကလေးများအတွက်
ဤအချိန်သည် မိဘများအတွက် အလွန်ခက်ခဲသော အချိန်ဖြစ်ပါသည်။ သို့သော် မိဘများအတွက် အထောက်အပံ့ရရန်နှင့် ကလေးများ ကျန်းကျန်းမာမာ နေထိုင်ပြီး လုံခြုံမှုခံစားရနိုင်အောင် ကူညီရန်အတွက် နည်းလမ်းများစွာ ရှိပါသည်။ မိဘများနှင့် ကလေးများအတွက် သတင်းအချက်အလက်များ ရယူပါ
သင် အလုပ်ပြုတ်သွားလျှင် အကူအညီ ရယူပါ
သင် အလုပ်ပြုတ်သွား ပါသလား။ သင်သည် အစိုးရ အထောက်အပံ့ရနိုင်မရနိုင် နှင့် အကယ်၍ အရည်အချင်း မပြည့်မီလျှင် မည်သို့လုပ်ရမည်ကို သိအောင် ကြိုးစားပါ။ အကူအညီ ရယူပါ
စစ်မှန်သော သတင်းအချက်အလက် ရယူပြီး ဘေးကင်းလုံခြုံစွာ နေထိုင်ပါ
ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းပြီး သတင်းအချက်အလက် အတော်များများ ရှိပါသည်။ သတင်းအချက်အလက် အမှား၊ အမှန်ကို သင် မည်ကဲ့သို သိနိုင်မည်နည်း။ သတင်းအမှားနှင့် လိမ်လည်မှုများမှ လွတ်ကင်းနိုင်အောင် ကျွန်ုပ်တို့ သင့်ကို ကူညီနိုင်သည်။ သတင်းအချက်အလက်ကောင်းများကို ရယူပါ
ဤအချက်အလက်သည် ရောဂါထိန်းချုပ်ရေးစင်တာများ (Centers for Disease Control) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ကဲ့သို့ ယုံကြည်စိတ်ချရသော ရင်းမြစ်များမှ လာပါသည်။ USAHello သည် ဥပဒေရေးရာ အကြံပေးချက် သို့မဟုတ် ဆေးဝါးကုသမှုဆိုင်ရာ အကြံပေးချက်များမပေးသလို ၎င်း၏ မည်သည့် ဆောင်းပါးဖော်ပြချက်မဆိုအား ဥပဒေရေးရာ သို့မဟုတ် ဆေးဝါးကုသမှုဆိုင်ရာ အကြံပေးချက်အဖြစ် ယူရန်အတွက် ရည်ရွယ်မထားပါ။ ကျွန်ုပ်တို့၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို USAHello ၏ ဘုတ်အဖွဲ့ဝင်၊ အမေရိကန် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းနှင့် ကူးစက်ရောဂါ အထူးကုပါရဂူTej Mishraက ပြန်လည်သုံးသပ် ထားပါသည်။

သင်နှင့် နီးစပ်ရာ အကူအညီနှင့် အရင်းအမြစ်များ ရှာဖွေရန် FindHello ကို အသုံးပြုပါ။ အလုပ်အတွက် အကြံပေးချက်၊ ရှေ့နေများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အင်္ဂလိပ်စာ အတန်းများနှင့် သင်၏လူမှုအသိုင်းအဝိုင်းအတွင်း အခြားသောဝန်ဆောင်မှုများ ရှာဖွေပါ။