မိဘများ နှင့် ကလေးများအတွက်

ဤစာမျက်နှာကို ၂၅/၅/၂၀၂၀ နေ့တွင် နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ပါသည်။ ယင်းနေ့စွဲနောက်ပိုင်း ပြင်ဆင်ချက်များကို ကြည့်ရှုရန်အတွက် အင်္ဂလိပ်ဘာသာ စာမျက်နှာသို့ ကျေးဇူးပြု၍ သွားပါ။

ဤအချိန်သည် မိဘများအတွက် အလွန်ခက်ခဲသော အချိန်ဖြစ်ပါသည်။ သို့သော် မိဘများအတွက် အထောက်အကူ ရယူရန် နှင့် ကလေးငယ်များအား ကျန်းမာပြီး ဘေးကင်းလုံခြုံကြောင်း ခံစားရစေရန် ကူညီနိုင်သည့် နည်းလမ်းများ ရှိပါသည်။

မိဘများအတွက်

ကျောင်းများက သင့်ကို ကူညီနိုင်ပါသည်

ကလေးများအနေဖြင့် အလွန်ဆိုးဝါးစွာ နေထိုင်မကောင်းခြင်း မဖြစ်နိုင်စေကာမူ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ဖြစ်နိုင်ပါသေးသည်။ ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို တားဆီးရန်အတွက် အမေရိကန်နိုင်ငံအတွင်းရှိ ကျောင်းများကို ပိတ်ထားပါသည်။ ကျောင်းပိတ်ခြင်းနှင့် ပတ်သက်၍ သင့်ကလေး၏ ကျောင်းမှ အကြောင်းကြားခြင်းကို သင်လက်ခံရရှိပြီး ဖြစ်နိုင်ပါသည်။ အကြောင်းကြားခြင်းအား ဖုန်းဖြင့်လည်းကောင်း၊ အီးမေးလ်ဖြင့်လည်းကောင်း၊ ကျောင်းဝက်ဘ်ဆိုက်တွင် ကြေညာခြင်းဖြင့်လည်းကောင်း လုပ်ဆောင်ထားပြီး ဖြစ်နိုင်သည်။

သင့်ကလေး၏ ကျောင်းမှ တာဝန်ရှိသူတစ်ဦးဦးနှင့် သင်စကားပြောလိုပါသလား။ မည်သူ့ထံ ဖုန်းခေါ်ရမည်ကို သင်မသိဘဲ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ သင့်ကလေး၏ ကျောင်းကို ရှာရန်အတွက် သင့်ဘရောက်ဇာတွင် “ ဒေသခံကျောင်းကိုရှာပါ (find my local school)” ဟု ရိုက်ထည့်ပြီး ကျလာသော စာရင်းမှ ရွေးချယ်လိုက်ပါ။ သင်သိလိုသော အချက်အလက်ကို ကျောင်းဝက်ဘ်ဆိုက်တွင် ဖေါ်ပြထားခြင်း မရှိပါက ဝက်ဘ်ဆိုက်ပါ ဖုန်းနံပါတ်ကို ခေါ်ဆိုပါ။

အိမ်တွင် ကလေးရှိသော မိဘများအတွက် အကြံပြုချက်

CDC မှ မိဘများအတွက် အောက်ပါအတိုင်း အကြံပြုထားပါသည်-

  • စိတ်အေးအေးထားပြီး စိတ်ချလက်ချဖြစ်စေရန်လည်း အားပေးနေပါ။
  • စကားပြောရန် နှင့် နားထောင်ပေးရန် အချိန်ပေးနိုင်အောင် ကြိုးစားပါ။
  • အခြားသူများအပေါ် အပြစ်ပုံချပြီး ခွဲခြားပစ်ပယ်ထားမှုဆီသို့ ဦးတည်သွားစေနိုင်သော စကားအပြောအဆိုမျိုးကို ရှောင်ရှားပါ။
  • ရုပ်မြင်သံကြား၊ ရေဒီယို နှင့် အင်တာနက်ပေါ်မှာ ကလေးများ မြင်သည့်၊ ကြားသည့်အရာများကို အာရုံစိုက် ဂရုပြုပါ။
  • ကလေးများကို တိကျမှန်ကန်သည့် သတင်းအချက်အလက်များ ပေးပါ။
  • ကလေးများကို ကျန်းမာအောင် နေထိုင်နည်းများ သင်ကြားပေးပါ။

ကလေးများအတွက်

ဤအရာများသည် သင့်ကလေးငယ်များအား သင့်ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းတွင် ပြသနိုင်သည့်အရာများဖြစ်သည်။

ဤသတင်းအချက်အလက်သည် ယုံကြည်ရသော အရင်းအဖြစ်များဖြစ်သည့် UNICEF, Save the Children,၊ ရောဂါထိန်းချုပ်ရေးစင်တာ များ (CDC) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) များမှ လာပါသည်။ USAHello သည် ဥပဒေအကြံဉာဏ်များ သို့မဟုတ် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များ မပေးသလို ကျွန်ုပ်တို့၏အချက်အလက်များကို ဥပဒေ သို့မဟုတ် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များအဖြစ် အသုံးပြုရန် မရည်ရွယ်ပါ။

မိဘ နှင့် ကလေးသူငယ်များအတွက် အထောက်အပံ့အကြောင်း နောက်ထပ် မေးမြန်းလိုသည်များရှိပါသလား။ [email protected] ကို မေးမြန်းနိုင်ပါသည်။