ဤစာမျက်နှာကို ၂၅/၅/၂၀၂၀ နေ့တွင် နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ပါသည်။ ယင်းနေ့စွဲနောက်ပိုင်း ပြင်ဆင်ချက်များကို ကြည့်ရှုရန်အတွက် အင်္ဂလိပ်ဘာသာ စာမျက်နှာသို့ ကျေးဇူးပြု၍ သွားပါ။
- English (English),
- አማርኛ (Amharic),
- العربية (Arabic),
- 简体中文 (Chinese),
- 繁體中文 (Chinese (Traditional)),
- فارسی (Farsi),
- Français (French),
- Italiano (Italian),
- 日本語 (Japanese),
- Ikinyarwanda (Kinyarwanda),
- 한국어 (Korean),
- Português (Portuguese, Brazil),
- Русский (Russian),
- Somali (Somali),
- Español (Spanish),
- Kiswahili (Swahili),
- Tagalog (Tagalog),
- ไทย (Thai),
- Türkçe (Turkish),
- Українська (Ukrainian),
- اردو (Urdu),
- Tiếng Việt (Vietnamese)
ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သည့် သတင်းအချက်အလက် အများကြီးရှိပါသည်။ မည်သည့်အရာသည် မှန်ကန်ပြီး မည့်သည့်အရာသည် မမှန်ကန်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့ ယုံကြည်စိတ်ချရသော ရင်းမြစ်များမှလာသည့် သတင်းအချက်အလက်များ USAHello တွင် ရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ယုံတမ်းစကားများ နှင့်ပတ်သက်သော အကြောင်းကို မှတ်တမ်းတင်ထားသည့် ကျွန်ုပ်တို့၏ ဗီဒီယိုများကို ကြည့်ရှုပါ။ လုံခြုံစွာနေထိုင်နိုင်ရေးအတွက် ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သည့် သတင်းလိမ်လည်မှုများ အကြောင်းကို လေ့လာပါ။
ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ မည်သည့်အရာသည် မှန်ကန်ပြီး မည်သည့်အရာသည် မမှန်ကန်ပါသနည်း။
ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုင်ရာ သတင်းအချက်အလက် နှင့်ပတ်သက်၍ မှန်ကန်မှုများ နှင့် မှားယွင်းမှုများကို နားလည်သဘောပေါက်ရန် USAHello ၀န်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ နှင့်ဘုတ်အဖွဲ့ဝင်များမှ ပြုလုပ်ထားသည့် ဗွီဒီယိုများကို ကြည့်ရှုပါ။
USAHello videos are available in many languages!
- ဤဗွီဒီယိုကို အာရဗီ ကြည့်ရှုပါ
- ဤဗွီဒီယိုကို အင်္ဂလိပ် ကြည့်ရှုပါ
- ဤဗွီဒီယိုကို တရုတ် (Yue Chinese) ကြည့်ရှုပါ
- ဤဗွီဒီယိုကို တရုတ် (တရုတ်) ကြည့်ရှုပါ
- ဤဗွီဒီယိုကို Creole ကြည့်ရှုပါ
- ဤဗွီဒီယိုကို Farsi ကြည့်ရှုပါ
- ဤဗွီဒီယိုကို ပြင်သစ် ကြည့်ရှုပါ
- ဤဗွီဒီယိုကို ဟိန္ဒီ ကြည့်ရှုပါ
- ဤဗွီဒီယိုကို ကင်ညာရဝမ်ဒါ ကြည့်ရှုပါ
- ဤဗွီဒီယိုကို ကိုရီးယား ကြည့်ရှုပါ
- ဤဗွီဒီယိုကို နီပေါ ကြည့်ရှုပါ
- ဤဗွီဒီယိုကို ပေါ်တူဂီ ကြည့်ရှုပါ
- ဤဗွီဒီယိုကို ရုရှား ကြည့်ရှုပါ
- ဤဗွီဒီယိုကို ဆိုမာလီ ကြည့်ရှုပါ
- ဤဗွီဒီယိုကို စပိန်ဘာသာစကား ကြည့်ရှုပါ
- ဤဗွီဒီယိုကို ဆွာဟီလီ ကြည့်ရှုပါ
- ဤဗွီဒီယိုကို တဂါးလော့ဂ် ကြည့်ရှုပါ
- ဤဗွီဒီယိုကို တီဂျီနာ ကြည့်ရှုပါ
- ဤဗွီဒီယိုကို တူရကီ ကြည့်ရှုပါ
- ဤဗွီဒီယိုကို ယူကရိန်း ကြည့်ရှုပါ
- ဤဗွီဒီယိုကို ဗီယက်နမ်လူမျိုး ကြည့်ရှုပါ
ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သည့် လိမ်လည်မှုများကို သတိပြုပါ
လိမ်လည်မှုများသည့် လှည့်စားမှုများသာဖြစ်ကြသည်။ အခြားသူများကို လိမ်လည်လှည့်ဖြားသူများသည် အများအားဖြင့် ၎င်းတို့ကို လှည့်စားပြီး ၎င်းတို့၏ငွေကို ခိုးယူရန် ကြိုးစားနေကြသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ ကြောက်လန့်သည့်အခါ၌ ဘာကမှန်ပြီး ဘာက မမှန်ကြောင်း ပြောရန်ခက်ခဲပါသည်။ ကျွန်ုပ်တို့အားလုံး သိဖို့လိုအပ်သည့် လိမ်လည်မှုများအချို့ကို ဤနေရာတွင် တွေ့ရှိနိုင်သည်။
အစိုးရ နှင့်အတူ အလုပ်လုပ်ပြီး သင့်အတွက် ကိုရိုနာဗိုင်းရပ်စ် အကျိုးခံစားခွင့် စစ်ဆေးချက်ပြုလုပ်ရန် ရှိကြောင်းကို ပြောလာသူ တစ်ဦးဦးထံမှ မက်ဆေ့ခ်ျများ၊ အီးမေးလ် (သို့) ဖုန်းခေါ်ဆိုမှုများ ရှိလာပါက ၎င်းတို့အား မည်သည့်သတင်းအချက်အလက်ကိုမျှ မပေးမိ ပါစေနှင့်။ အကယ်၍ အစိုးရသည် သင်၏ ဘဏ်အချက်အလက်များကို လိုအပ်ပါက ၄င်းတို့က .gov ဖြင့် အဆုံးသတ်သည့် ဝက်ဘ်ဆိုက် တွင် သင်ဝင်ရောက်ကာ အချက်အလက်များကိုဖြည့်ရန်အတွက် လုံခြုံသောနေရာတစ်ခုကို အွန်လိုင်းမှ ထူထောင်ပါလိမ့်မည်။ ၄င်းတို့က အချက်အလက်သေးစိတ်များရရှိရန် သင့်ထံ ဖုန်းခေါ်ဆိုကာ မေးမြန်းတောင်းဆိုလိမ့်မည် မဟုတ်ပါ။ အစိုးရထံမှ အကူအညီများ အကြောင်း ပိုမိုသိရှိရန် လေ့လာပါ။
ဤကမ်းလှမ်းချက်များကို လျစ်လျူရှုပြီး ၎င်းတို့အား အခြားသူများထံသို့ မပေးပို့ပါနှင့်။ သင်၏ ရောဂါလက္ခဏာများသည် ဗိုင်းရပ်စ် နှင့်ကိုက်ညီမှု ရှိမရှိကို စစ်ဆေးရန် အွန်လိုင်းဉာဏ်စမ်းပဟေဠိများ ရှိသော်လည်း ၎င်းတို့သည် ဗိုင်းရပ်စ် အတွက်စစ်ဆေးမှု မဟုတ်ပါ။ COVID-19 ရောဂါအတွက် အွန်လိုင်းစမ်းသပ်မှုများ သို့မဟုတ် အတည်ပြုထားသည့် ကုသမှုများ သို့မဟုတ် ကာကွယ်ဆေးများ မရှိသေးပါ။ စမ်းသပ်မှုလိုအပ်ပါက သင်၏ ပြည်သူ့ကျန်းမာရေးဌာနကို ဖုန်းခေါ်ဆိုပါ။
ယူအက်စ်တစ်လွှားရှိ အချို့မြို့များတွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်သည့်နေရာအတုများ ပေါ်ထွက်လာခဲ့သည်။ ဤ၀န်ဆောင်မှုများသည် အန္တရာယ်များပြီး တရားမဝင်ပါ။ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်း နှင့်ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များကို သင်၏ ဒေသခံ ကျန်းမာရေးဌာန ဝက်ဘ်ဆိုက်တွင် တွေ့ရှိနိုင်ပါသည်။ သင်၏ ပြည်သူ့ကျန်းမာရေးဌာနကို ရှာဖွေပါ။
အချို့သော အွန်လိုင်းကြော်ငြာသူများနှင့် ရောင်းချသူများသည် ကိုရိုနာဗိုင်းရပ်စ်ရန် မှ သင့်အား လုံခြုံစေမည့် ထုတ်ကုန်များရှိကြောင်းကို ပြောကြပါသည်။ ၄င်းတို့က ပိုးသတ်ဆေးများ၊ နှာခေါင်းစည်းများနှင့် အခြား အထောက်အကူပစ္စည်းများကို ကမ်းလှမ်းကြပါသည်။ ဤထုတ်ကုန်များနှင့် ၀ဘ်ဆိုက် အတော်များများသည် အတုအယောင်များသာ ဖြစ်ကြသည်။ အွန်လိုင်းတွင် လုံခြုံစွာ ဘယ်လို၀ယ်ယူရမလဲဆိုသည်ကို သိရှိရန် ရှာဖွေပါ။
အလိုအလျောက် ဖုန်းခေါ်ဆိုမှု (robocalls) ဆိုသည်မှာ သင့်အား စကားပြောသည့်စက်မှ လူတစ်ယောက်ကဲ့သို့ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။ ဖုန်းကိုင်သောအခါ အသံသွင်းထားသည့် မက်ဆေ့ခ်ျကို သင်ကြားပါက ဖုန်းချလိုက်ပါ။ မည်သည့်နံပါတ်များကိုမျှ မနှိပ်ပါနှင့် သို့မဟုတ် မည်သည့် သတင်းအချက်အလက်ကိုမျှ မပေးလိုက်ပါနှင့်။
မကောင်းသည့် သတင်းအချက်အလက်များကို ရှောင်ရှားရန်နည်းလမ်းများ
လူအများစုသည် မကောင်းသည့် သတင်းအချက်အလက်များကို ဖြန့်ဝေရန် ရည်ရွယ်ချက်မရှိပါ။ သို့သော် လူမှုအသိုင်းအဝိုင်းမှလာသော မှားယွင်းသည့် သတင်းအချက်အလက် အများကြီး ရှိပါသည်။ ယင်းအစား ကောင်းမွန်သော သတင်းအချက်အလက်များကိုမူ ကျွန်ုပ်တို့အားလုံး ဝိုင်းဝန်း ကူညီဖြန့်ဝေနိုင်ပါသည်။
တစ်ဦးနဲ့တစ်ဦး လူမှုရေးအရ ခပ်ခွာခွာနေခြင်းကို ကျင့်သုံးနေစဥ် လူမှုမီဒီယာသည် ကျွန်ုပ်တို့၏ မိတ်ဆွေများ၊ မိသားစုများနှင့် ဆက်လက် အဆက်အသွယ်ရစေရန် အလွန်ကောင်းမွန်သည့် ကိရိယာတစ်ခုဖြစ်ပါသည်။ ဝမ်းနည်းစွာ ပြောရသည်မှာ လူမှု မီဒီယာသည် လိမ်လည်မှု နှင့် သတင်းမှားများ ပျံ့နှံ့စေနိုင်သည့် ကိရိယာတစ်ခုလည်း ဖြစ်သောကြောင့် မျှဝေသည့်အခါ အထူးဂရုစိုက်ပါ။ မှန်ကန်သည့် သတင်း အချက်အလက်များဖြစ်ကြောင်းကို သင် မစစ်ဆေးနိုင်ပါက မည်သည့်အရာကိုမျှ ပြန်လည်မျှဝေခြင်း မပြုရန် အရေးကြီးပါသည်။ အပြုသဘောဆောင်သည့် မက်ဆေ့ခ်ျများကို မျှဝေခြင်းအားဖြင့် လူမှုမီဒီယာ၏ စွမ်းအားကို ကောင်းကျိုးအတွက် အသုံးပြုနိုင်သည်။
အင်တာနက် နှင့် ဆိုရှယ်မီဒီယာပေါ်တွင် သတင်းအချက်အလက်များစွာရှိပါသည်။ သတင်း အားလုံးကတော့ မမှန်ကန်ပါ။ သင်၏ ဘာသာစကားဖြင့် ကောင်းမွန်သည့် သတင်းအချက်အလက်များကို ရှာဖွေရန် ခက်ခဲနိုင်ပါသည်။ သင်ယုံကြည်စိတ်ချနိုင်သည့် ဝက်ဘ်ဆိုက်များကို ဤနေရာတွင် တွေ့နိုင်ပါသည် −
- ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာများ (CDC)သည် ယူအက်စ်အေ အတွက် အဓိက ကျန်းမာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အင်္ဂလိပ်၊ စပိန်၊ တရုတ်၊ ဗီယက်နမ်၊ ကိုရီးယား နှင့် အခြားသော ဘာသာစကားများဖြင့် ရေးသားထားသည့် ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သော သတင်းအချက်အလက်များ ၎င်းတွင် ရှိပါသည်။
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကမ္ဘာ့ကျန်းမာရေးအတွက် အဓိကအဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါသည်။ အင်္ဂလိပ်၊ အာရဗစ်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နှင့် စပိန် ဘာသာစကားဖြင့် ရေးသားထားသည့် ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သော သတင်းအချက်အလက်များ ၎င်းတွင် ရှိပါသည်။
- COVID-19 Health Literacy Projectတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် အသက်အရွယ်မရွေး ကလေးများအတွက် အချက်အလက်များပါဝင်သည့် ဘာသာစကား ၃၀ ဖြင့် ရေးသားထားသည့် အချက်အလက် စာရွက်စာတမ်းများ ရှိပါသည်။
- Kentucky ပြည်နယ်တွင်ရှိသည့် Office for Globalization သည် အမေရိကန်ရောက် လူသစ်များကို ထောက်ပံ့ကူညီ ကြသည်။ ၎င်းတွင် ဘာသာစကား ၂၂ ခု ဖြင့်ရေးသားထားသည့် COVID-19 အကြောင်း နှင့် လူမှုရေးအရ ခပ်ခွာခွာနေရေး နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရှိပါသည်။
- Oregon ပြည်နယ်တွင်ရှိသည့် Multnomah County တွင် အသစ်ရောက်ရှိဘာသည့် ဘာသာစကား ၂၄ မျိုးဖြင့် ကောင်းမွန်သော သတင်းအချက်အလက်များ နှင့် ဗီဒီယိုများ ရှိပါသည်။ ထိုစာမျက်နှာတွင် အစားအစာဝန်ဆောင်မှု နှင့် စားသောက်ဆိုင်များအတွက် သန့်ရှင်းရေး နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဘာသာစကား ၉ မျိုးဖြင့်လည်း ရှာဖွေတွေ့ရှိနိုင်သည်။
ခက်ခဲပြီး ကြောက်မက်ဖွယ်ကောင်းသည့် အချိန်ကာလ တစ်ခုပင် ဖြစ်ပါသည်။ လူများသည် ကြောက်လန့်ချိန်တွင် တစ်ခါတစ်ရံ သူတစ်ပါးကိုပင် ရန်ဘက်ပြုတတ်ကြပါသည်။ ခွဲခြားဆက်ဆံမှု/အဆိုးမြင်မှု (stigma)သည် ကြောက်ရွံ့မှု နှင့် ကွဲပြားခြင်းကို ဖန်တီးပေးခြင်းဖြင့် လူ့အသိုင်းအဝိုင်းအတွင်းရှိ လူတိုင်းကို နာကျင်ထိခိုက်စေပါသည်။ ၎င်းသည် ပစ်မှတ်ထားခံရသူများကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။
အာရှသားအမေရိကန်နိုင်ငံသားများ၊ အရေးပေါ် နှင့် ကျန်းမာရေးစောင့်ရှောက်သူများ၊ COVID-19 ရောဂါရှိသူများ သို့မဟုတ် အခြားသူတစ်ယောက်ယောက်ကို ကျွန်ုပ်တို့ ခွဲခြားဆက်ဆံရန် မလိုအပ်ပါ။ ဗိုင်းရပ်စ်သည် မည့်သူ့ကိုမှ ခွဲခြားဆက်ဆံခြင်းမရှိပါ။ ယူအက်စ်အေတွင် မည်သည့် အုပ်စုတစ်စုကမှ အခြားသူများထက် COVID-19 ရောဂါကို ရယူရန် သို့မဟုတ် ဖြန့်ဝေရန် ပို၍ ဖြစ်နိုင်ချေမရှိပါ။
ကောလာဟလများပျံ့နှံ့ခြင်း နှင့် ခွဲခြားဆက်ဆံမှု နှင့် အဆိုးမြင်မှုကို ဖြစ်ပေါ်စေသည့် ကြောက်ရွံ့မှုကို ရှောင်ရှားရန်အတွက် ကျွန်ုပ်တို့ အားလုံးသည် အစစ်အမှန် သတင်းအချက်အလက်များကို လေ့လာရှာဖွေရန် အရေးကြီးလှပါသည်။ ကျွန်န်ုပ်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက ပိုပြီးဘေးကင်းလုံခြုံမည် ဖြစ်ပါသည်။
CDC မှ အဆိုးမြင်ခွဲခြားမှု (stigma) အကြောင်း နှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို ရှာဖွေပါ။
ဤအချက်အလက်များသည် UNICEF ၊ ရောဂါထိန်းချုပ်ရေးများ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး စသည့် ယုံကြည်စိတ်ချရသည့် ရင်းမြစ်များမှလာပါသည်။ USAHello သည် ဥပဒေရေးရာ အကြံဥာဏ်များ သို့မဟုတ် ဆေးကုသမှုဆိုင်ရာ အကြံဥာဏ်များကို ပေးအပ်ခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့၏ အထောက်အကူပစ္စည်းများကိုဥပဒေရေးရာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်အဖြစ် ယူရန်ရည်ရွယ်ခြင်းမရှိပါ။