ရွှေ့ပြောင်းနေထိုင်သူများ၊ ခိုလှုံခွင့်တောင်းခံသူများ နှင့် ဒုက္ခသည်များအတွက်

ဤစာမျက်နှာကို ၂၅/၅/၂၀၂၀ နေ့တွင် နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ပါသည်။ ယင်းနေ့စွဲနောက်ပိုင်း ပြင်ဆင်ချက်များကို ကြည့်ရှုရန်အတွက် အင်္ဂလိပ်ဘာသာ စာမျက်နှာသို့ ကျေးဇူးပြု၍ သွားပါ။

ကျွန်တော်တို့သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အကြောင်းကို အလွန်စိုးရိမ် နေကြသည်။ သို့သော် အကယ်၍ သင်သည် အမေရိကန်နိုင်ငံတွင်နေထိုင်သော ရွှေ့ပြောင်းနေထိုင်သူ၊ ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်တောင်းခံသူတစ်ဦး ဖြစ်ပါက ပိုမို စိုးရိမ်ပူပန်မှု ရှိနိုင်ပါသည်။ ဤစာမျက်နှာသည် ရွှေ့ပြောင်းနေထိုင်သူ အသိုင်းအဝိုင်းများအတွက် အရေးကြီးသော အကြောင်းအရာအချို့ကို ဖော်ထုတ် တင်ပြထားသည်။ COVID-19 ကြောင့် ICE၊ USCIS နှင့် အခြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အပြောင်းအလဲများနှင့်ပတ်သက်သည့် နောက်ဆုံးသတင်းများကိုလည်း တွေ့ရှိလိမ့်မည်။

သင့်ကို ဘာက စိတ်ပူပန်စေပါသလဲ။

COVID-19 ကြောင့် ပြင်ဆင်မွမ်းမံမှုများ နှင့် ပြောင်းလဲမှုများ

COVID-19 ကူးစက်ပျံ့နှံ့ခြင်းကြောင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေးစနစ်တွင် အပြောင်းအလဲများ နှင့် ပိတ်ပစ်မှုများ ရှိခဲ့ပါသည်။ ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များ နှင့် ခိုလှုံခွင့်တောင်းခံသူများ၏ နောက်ဆုံးသတင်းများကို ဤနေရာတွင်ဖော်ပြထားသည် –

  • ယူအက်စ် အစိုးရမှ ရွေ့ပြောင်းနေထိုင်သူဗီဇာ(အစိမ်းကပ်)များကို ​ဧပြီ ၂၃, ၂၀၂၀ခုနစ်မှစ၍ ရက် ၆၀ အထိ ရပ်တန့်ရန် စီမံခန့်ခွဲမှုအမိန့်တစ်ရပ်အားထုတ်ပြန်လိုက်သည်။ အမိန့်သည် အမေရိကန်ပြည်ထောင်စုပြင်ပတွင် နေထိုင်သောသူများအပေါ်သက်ရောက်သည်။ ဆေးဘက်ဆိုင်ရာလုပ်သားများ၊ စိုက်ပျိုးရေးလုပ်သားများနင့် တချို့သောလုပ်သားများမှာ ဗီဇာဆက်လက်ရရှိနိုင်သည်။ ယူအက်စ် နိုင်ငံသားများ၏ အိမ်ထောင်ဖက်များနင့် အသက် ၂၁နစ် အောက်ကလေးများသည်လည်း ဗီဇာဆက်လက်ရရှိနိုင်သည်။ ရွေ့ပြောင်းနေထိုင်ခွင့်ဗီဇာ ရရှိထားပြီးသူများနင့် တရားဝင် ခရီးသွားအချက်လက်များ ကိုင်ဆောင်ထားသူများလည်း လာရောက်နိုင်သည်။ SIV များနင့် ယူအက်စ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည်လည်း လာရောက်နိုင်သည်။
  • မတ်လ ၂၀၂၀ တွင် USCIS မှ ချိန်းဆိုမှုများကိုပယ်ဖျက်လိုက်ပြီး အရေးပေါ်အခြေအနေများမှအပ ရုံးများပိတ်လိုက်သည်။ USCIS သည် ဇွန်လ ၄ ရက်နေ့တွင် တချို့သောရုံးများကိုပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။ လျှောက်လွှာပံ့ပိုးရေးဌာနများ မဖွင့်သေးပါ။
    • သင့် ခိုလှုံခွင့် အင်တာဗျူး ပယ်ဖျက်ခံရလျင် ရက်ချိန်းအသစ်ဖြင့် နို့တစ်စာ ရရှိမည်ဖြစ်သည်။
    • သင့် နိုင်ငံသားခံယူခြင်းအခမ်းအနား ပယ်ဖျက်ခံရလျှင် အခမ်းအနား ရက်ချိန်းအသစ် ပြန်လည်ချိန်းဆိုရန် နို့တစ်စာရမည်ဖြစ်သည်။
    • အခြားပယ်ဖျက်ခံရသော အင်တာဗျူးရှိလျှင် ရက်ချိန်းအသစ်ကို ပြန်လည်ချိန်းဆိုရန် သင့်ဒေသရုံးမှ နို့တစ်စာ ပေးပို့မည်ဖြစ်သည်။
    • Infopass သို့မဟုတ် အခြားချိန်းဆိုထားခြင်း ရှိပါက သင့်ဒေသရုံးဖွင့်သောအခါတွင် သင်ကိုယ်တိုင် ပြန်လည်ရက်ချိန်းပြုလုပ် ချိန်းဆိုရမည်ဖြစ်သည်။ USCIS ဆက်သွယ်မှုဌာနကိုအသုံးပြုဖို့လိုမည်ဖြစ်သည်။
    • ကိုဗစ်-၁၉ ပြန့်ပွားမှုကို ရပ်တန့်စေရန်အတွက် USCIS သည် ရုံးတိုင်းတွင် စည်းကမ်းအသစ်များချမှတ်ထားသည်။ မျက်နှာနှင့် နှာခေါင်းစည်းတပ်ပြီး လူမှုရေးအရ ခပ်ခွာခွာနေခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရမည်။
    • ရုံးဖွင့်ရက်များ၊ အင်တာဗျူးနင့် ချိန်းဆိုထားမှုများနင့် ပတ်သက်သော အချက်လက်များ ရရှိရန်အတွက် ကျေးဇူးပြု၍USCIS ကိုရိုနာဗိုင်းရပ်စ်စာမျက်နှာ ကို ဖတ်ရှုပါ။
  • ၎င်းတို့တွင် ရှိပြီးဖြစ်သည့် ဇီဝမှတ်တမ်းများကို အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း (EAD) သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ရန် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း USCIS မှ ကြေငြာထားပါသည်။ အသေးစိတ် အချက်အလက်များကို ဖတ်ရှုပါ
  • အမျိုးသား ပြည်ဝင်ခွင့် စင်တာ (NVC) သည် အရေးပေါ်စုံစမ်းမေးမြန်းမှုများကိုသာ ပြန်လည်ဖြေကြားသွားမည်ဖြစ်သည်။ အရေးတကြီးမဟုတ်သော စုံစမ်းမေးမြန်းမှုများ ပြုလုပ်လိုပါက CEAC စနစ် ကို အသုံးပြုပါ၊ သို့သော် ပြန်လည်တုံ့ပြန်မှု ရရှိရန် ခက်ခဲကောင်း ခက်ခဲနိုင်ပါသည်။
  • ICE မှ ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သော်လည်း ကျန်းမာရေးဌာနများ နှင့် ဆေးရုံများတွင် ဖမ်းဆီးမှုများ လုပ်မည်မဟုတ်ကြောင်း ICE မှဆိုပါသည်။ ၎င်းတို့အနေဖြင့် လူကိုယ်တိုင် စစ်ဆေးခံခြင်းအချို့ကိုလည်း ရက်ရွှေ့ဆိုင်းထားပြီးဖြစ်ပါသည်။ အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်၍ ICE မှ ပြောကြားထားသည်များကို ICE ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စာမျက်နှာတွင် ဖတ်ရှုပါ။
  • နယ်စပ်တွင် ရောက်ရှိနေကြသော နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို ပြန်လှည့်စေလျက်ရှိသည်။ ၎င်းတို့ကို မက္ကဆီကိုသို့ လည်းကောင်း၊ ၎င်းတို့၏ သက်ဆိုင်ရာ မိခင်နိုင်ငံများသို့လည်းကောင်း ပြန်လွှတ်လျက်ရှိသည်။ ထို့သို့ပြန်လွှတ်ရာတွင် အဖေါ်မပါသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များလည်း ပါဝင်သည်။ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူဆိုင်ရာ နောက်ဆုံးရ အချက်အလက်များ ကို ဖတ်ရှုပါ။
  • ဒုက္ခသည်များကို အခြားနိုင်ငံများသို့ ပို့ဆောင်မည်မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့အစည်း (IOM) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ပြောကြားခဲ့သည်။ ကြေညာချက်တွင် ခရီးသွားလာမှုများ အား တတ်နိုင်သမျှ စောစော ပြန်လည်စတင်မည်ဟု ပါရှိသည်။

ဤအချက်အလက်သည် USCISပြည်ထဲရေးဝန်ကြီးဌာန HIAS နှင့် CLINIC တို့ကဲ့သို့ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များမှလာသည်။ USAHello မှ ဥပဒေအကြံဉာဏ် သို့မဟုတ် ကျန်းမာရေးအကြံဉာဏ်များ ပေးမည်မဟုတ်သည်အပြင် ကျွန်ုပ်တို့၏ မည်သည့် စာရွက်စာတမ်းကိုမှ ဥပဒေ သို့မဟုတ် ကျန်းမာရေးအကြံဉာဏ်အဖြစ် မမှတ်ယူပါနှင့်။

လူဝင်မှုကြီးကြပ်ရေး နှင့်ပတ်သက်၍ ထပ်ဆောင်းမေးမြန်းလိုသည်များ ရှိပါသလား။ [email protected] သို့ မေးမြန်းနိုင်ပါသည်။