သင်ဖျားနာပါက အကူအညီရယူပါ

ဤစာမျက်နှာကို ၂၅/၅/၂၀၂၀ နေ့တွင် နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ပါသည်။ ယင်းနေ့စွဲနောက်ပိုင်း ပြင်ဆင်ချက်များကို ကြည့်ရှုရန်အတွက် အင်္ဂလိပ်ဘာသာ စာမျက်နှာသို့ ကျေးဇူးပြု၍ သွားပါ။

နေမကောင်း၍ဖျားလျှင် ဘာဖြစ်မည်ဆိုသည်ကို ကျွန်ုပ်တို့အားလုံး ကြောက်ရွံ့ကြသည်။ သို့သော် ဖျားနာပါက အကူအညီတောင်းနိုင်ပါသည်။ တစ်ယောက်ယောက် ဖျားနာနိုင်ခြင်းကြောင့် သင့်ကိုယ်သင်နှင့် သင့်မိသားစုကို ကြိုတင်ပြင်ဆင်ထားပါ။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရောဂါလက္ခဏာများ ဆိုသည်မှာ သင် နေထိုင်မကောင်းဟုပြဆိုသည့် လက္ခဏာများ ဖြစ်သည်။ COVID-19 ရှိသူတိုင်းသည် ရောဂါ လက္ခဏာအားလုံးကို မခံစားရပါ။ လူအများစုသည် ဖျားနာပြီးနောက် ဆေးကုသမှုမလိုဘဲ ပိုသက်သာလာကြပါသည်။ လူအနည်းငယ် ထံတွင် ရောဂါလက္ခဏာများ မရှိပါ။ အချို့လူများသည် အလွန်ပြင်းထန်သည့် ရောဂါလက္ခဏာများကို ခံစားကြရသည်။

COVID-19 ၏ အဓိကလက္ခဏာများမှာ –

  • ကိုယ်ပူဖျားခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှူကျပ်ခြင်း
coronavirus symptoms graphic
Image courtesy of CDC

COVID-19 ရှိသူ လူအများစုသည် အလွန် ပင်ပန်းနွမ်းနယ်မှုလည်း ခံစားရနိုင်သည်။ အခြားရောဂါလက္ခဏာများမှာ − ခန္ဓာကိုယ်အတွင်း နာကျင် ကိုက်ခဲခြင်း၊ နှာခေါင်းပိတ်ဆို့ခြင်း သို့မဟုတ် နှာရည်ယိုခြင်း (အအေးမိခြင်း ကဲ့သို့)၊ လည်ချောင်းနာခြင်း၊ ၀မ်းလျှောခြင်း နှင့် အနံ့ခံအာရုံ ဆုံးရှုံးခြင်းတို့ ဖြစ်သည်။

မမြင်ရသော ရောဂါလက္ခဏာများ

သတိပြုရန် – သင့်လက္ခဏာများမပြင်းထန်လျှင်ပင် သင့်အောက်စီဂျင် အဆင့်ကိုတိုင်းပေးရန် တောင်းဆိုပါ။ ကိုဗစ်-၁၉ ရှိသောလူအများစုသည် အောက်စီဂျင်နည်းနေကြပြီး နည်းနေသည်ကို မသိကြပါ။ အောက်ဆီဂျင်အဆင့်ကျဆင်းနေခြင်းသည် အလွန်အန္တရာယ်များသည်။ သို့သော် သင့်အောက်စီဂျင်ကျဆင်းမှုကို လျင်မြန်စွာကုသလျှင် ရောဂါပိုမိုလွယ်ကူစွာသက်သာလာနိုင်ပါသည်။

ကျွန်တော် နေမကောင်းဖြစ်လျှင် ဘာလုပ်ရမည်နည်း။

ကိုရိုနာဗိုင်းရပ်စ် အတွက် ကျွန်တော် အစစ်ဆေးခံ သင့်သလား။

သင့်တွင် COVID-19 ရှိ မရှိသိစေရန် စစ်ဆေးနိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ လုပ်သားတစ်ဦးက သင်၏နှာခေါင်းထဲ တုတ်ချောင်းလေး တစ်ချောင်း ထည့်ပြီး ဆဲလ်များ၏ နမူနာကို ယူပါမည်။ သင့်ထံမှရသော နမူနာကို ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပါသည်။ ပိုးတွေ့ ရောဂါရှိသည်ဆိုသည့်အဖြေ (positive result) ဆိုသည်မှာ သင့်တွင် COVID-19 ရောဂါပိုးရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပိုးမတွေ့ /အနုတ်လက္ခဏာ စစ်ဆေးမှုရလဒ် (negative result) ဆိုသည်မှာ သင့်တွင် COVD-19 ရောဂါပိုး မရှိဟု ဆိုလိုခြင်းဖြစ်သည်။

CDC က လူတိုင်းကို COVID-19 စစ်ဆေးရန် မလိုဟုဆိုထားပါသည်။ သို့သော် စစ်ဆေးခြင်းသည် မိမိကိုယ်ကိုဂရုစိုက်ရန် နှင့် အခြားလူများကို ကာကွယ်ရန် ဘာလုပ်ရမည် ဆိုသည့်ဆုံးဖြတ်ချက်ကို ချရာတွင် ကူညီနိုင်သည်။ သင့်တွင် ရောဂါလက္ခဏာပြပြီး စစ်ဆေးလိုပါက ကျန်းမာရေးဌာန သို့မဟုတ် ဆရာဝန်တစ်ဦးကို ခေါ်ဆိုပါ။ သင့်ပြည်နယ်ရှိ ကျန်းမာရေးဌာန ကို ရှာရန် CDC ဝက်ဘ်ဆိုက်သို့ သွားကြည့်ပါ။

coronavirus testing kit

ကျွန်ုပ်ထံတွင် အထောက်အထား စာရွက်စာတမ်းများမရှိပါက မည်သို့ပြုလုပ်ရမည်နည်း။

အကယ်၍ သင့်တွင် အထောက်အထားမရှိဖြစ်ပါက ကျန်းမာရေးစောင့်ရှောက်မှု ကို ရယူနိုင်ပါသည်၊ သို့သော် ဆေးရုံသို့ မသွားမီ ကြိုတင်ဖုန်းဆက်ပါ။ သင့်တွင် ရောဂါလက္ခဏာများရှိပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးစင်တာ ဆီသို့ မသွားမီ ပြည်သူ့ကျန်းမာရေး ဌာန ကို ဖုန်းခေါ်ဆိုပါ။ ရွှေ့ပြောင်းအချေချနေထိုင်သူများ နှင့် ဝင်ငွေနည်းသောအမေရိကန်များကို ကူညီပေးသည့် ဆေးခန်းများနှင့် ဆေးရုံများတွင် တရား၀င် အဆင့်အတန်း ပြသရန် မလိုအပ်ပါ၊ လူနာများအား အမေရိကန်၏ အတွင်းရေးကိစ္စအား ကာကွယ်ရေးဆိုင်ရာ ဥပဒေများဖြင့် အကာအကွယ်ပေးသည်။ အရေးပေါ်အခြေအနေတွင် ရွှေ့ပြောင်းနေထိုင်သူများ၊ ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များ အတွက် နောက်ထပ်သတင်းအချက်အလက်များကို ရှာတွေ့နိုင်သည်။

ကျွန်ုပ်တွင် ကျန်းမာရေးအာမခံ မရှိပါက ဘာလုပ်ရမည်နည်း။

အမေရိကန်ပြည်ထောင်စုရှိ လူမှုအသိုင်းအဝိုင်းအများစုတွင် ၀င်ငွေနည်းပါး၍ အာမခံမရှိသော လူနာများအတွက် ဆေးခန်းကို တွေ့ရှိနိုင်ပါသည်။ သင်အနီးအနားတွင်ရှိသည့် စျေးနှုန်းချိုသာသော သို့မဟုတ် အခမဲ့ရနိုင်သော ကျန်းမာရေးဌာနကိုရှာဖွေနိုင်ပါသည်။

ဤသတင်း အချက်အလက်များသည် ရောဂါထိန်းချုပ်ရေးဌာနများ CDC နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization ကဲ့သို့ ယုံကြည်စိတ်ချရသော ရင်းမြစ်များမှလာခြင်း ဖြစ်ပါသည်။ USAHello သည် ဥပဒေရေးရာ အကြံဥာဏ်များ သို့မဟုတ် ဆေးကုသမှုဆိုင်ရာ အကြံဥာဏ်များကို ပေးအပ်ခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့၏ အထောက်အကူပစ္စည်းများကိုဥပဒေရေးရာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်အဖြစ် ယူရန်ရည်ရွယ်ခြင်းမရှိပါ။ ကျွန်ုပ်တို့၏ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အမေရိကန် ပြည်သူ့ကျန်းမာရေးပညာရှင် နှင့် ရောဂါဗေဒပညာရှင်လည်းဖြစ်၊ USAHello ဘုတ်အဖွဲ့ဝင်လည်းဖြစ်သည့် Tej Mishra က ပြန်လည်စစ်ဆေးသုံးသပ် ထားပါသည်။

ကျန်းမာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းများရှိပါသလား။ [email protected] တွင် မေးမြန်းနိုင်သည်။