အလုပ်အကိုင်ဆုံးရှုံးပါက အကူအညီရယူပါ

ဤစာမျက်နှာကို ၂၅/၅/၂၀၂၀ နေ့တွင် နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ပါသည်။ ယင်းနေ့စွဲနောက်ပိုင်း ပြင်ဆင်ချက်များကို ကြည့်ရှုရန်အတွက် အင်္ဂလိပ်ဘာသာ စာမျက်နှာသို့ ကျေးဇူးပြု၍ သွားပါ။

သင့်အလုပ်အကိုင် ဆုံးရှုံးသွားပြီလား။ သင်အလုပ် မလုပ်ကိုင်နိုင်ဘူးလား။ အစိုးရ၏ အကူအညီကို ရနိုင် မနိုင် နှင့် အရည်အချင်းမပြည့်မီပါက ဘာလုပ်ရမည်ကို သိရှိအောင်လုပ်ပါ။

ကျွန်ုပ်အလုပ်ဆုံးရှုံးလျှင် ဘာလုပ်ရမည်နည်း။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအတွင်းရှိ လုပ်ငန်းအတော်များများကို ပိတ်သိမ်းထားရပါသည်။ လူတော်တော်များများ အလုပ်အကိုင်များ ဆုံးရှုံးသွားကြရပါသည်။ အခြားသူများသည် နေမကောင်း၍သော်လည်းကောင်း၊ ၎င်းတို့သိသူတစ်ဦး နေမကောင်း၍သော်လည်းကောင်း အလုပ်မလုပ်ကြပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ် မလုပ်ပါက အကူအညီ နှင့် ပိုက်ဆံရယူနိုင်သည့် နည်းလမ်း တစ်ချို့ ရှိပါသည်။

အကူအညီပေးရန်အတွက် အစိုးရသည် အခြားမည်သည့်အရာများကို ပြုလုပ်နေပါသနည်း။

အခြား အကူအညီပုံစံများ

အကယ်၍ သင် အလုပ်ပြုတ်သွားပါက မည်သို့ အကူအညီရနိုင်ကြောင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက် ကောင်းများကို ရှာနိုင်ပါသည် −

ဤအချက်အလက်သည် ယုံကြည်စိတ်ချရသော ရင်းမြစ်များဖြစ်သည့် အမေရိကန် ပြည်ထောင်စု၏ အလုပ်သမား ဦးစီးဌာန (Department of Labor) နှင့် ပြည်တွင်း အခွန်ဦးစီးဌာန (Internal Revenue Service) တို့မှ ဖြစ်ပါသည်။ USAHello သည် ဥပဒေရေးရာ အကြံဥာဏ်များ သို့မဟုတ် ဆေးကုသမှုဆိုင်ရာ အကြံဥာဏ်များကို ပေးအပ်ခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့၏ အထောက်အကူပစ္စည်းများကို ဥပဒေရေးရာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်အဖြစ် ယူရန်ရည်ရွယ်ခြင်းမရှိပါ။

အလုပ်ပြုတ်သွားပါက ဘယ်လို အကူအညီရနိုင်မလဲ ဆိုသည့် အကြောင်းနှင့်ပတ်သတ်ပြီး နောက်ထပ်မေးခွန်းများရှိပါသလား။ [email protected] တွင် မေးကြည့်နိုင်သည်။