လိမ်လည်မှုဟူသည်မှာ အဘယ်နည်း။
လိမ်လည်မှု သို့မဟုတ် အယောင်ဆောင်မှုဟူသည်မှာ တစ်စုံတစ်ဦးက သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် ငွေကြေးများအား လိမ်လည်ခိုးယူခြင်း ဖြစ်ပါသည်။ ယင်းသည် တရားမဝင်သော်လည်း အဖြစ်များပါသည်။ သင့်အထောက်အထားကို ခိုးယူရန် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုပြီး အဆိုပါအချက်အလက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
- သင့်အမည်နှင့် လိပ်စာ
- ဘဏ်အကောင့်နံပါတ်နှင့် ခရက်ဒစ်ကတ်နံပါတ်များ
- လူမှုဖူလုံရေးနံပါတ်
- ဆေးဘက်ဆိုင်ရာ အာမခံနံပါတ်များ
တစ်စုံတစ်ယောက်က အဆိုပါအသေးစိတ်အချက်အလက်များကို တောင်းခံပါက သတိထားပါ။ အဆိုပါအချက်အလက်များအား သင် ယုံကြည်ရသူကိုသာ ပေးအပ်ပါ။
ငွေပေးချေမှုဆိုင်ရာ လိမ်လည်မှုများ
လူဝင်မှုကြီးကြပ်ရေး အခကြေးငွေများအတွက် ငွေပေးချေရန် တောင်းဆိုသည့် လိမ်လည်မှုများမှာ အဖြစ်များပါသည်။ လူဝင်မှုကြီးကြပ်ရေး အခကြေးငွေများနှင့် လျှောက်လွှာများကို အမေရိကန်ပြည်ထောင်စု နိုင်ငံသားဖြစ်မှုနှင့် ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ (USCIS)၊ U.S. Department of State (DOS) နှင့် ရွှေ့ပြောင်းနေထိုင်မှု သုံးသပ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးရုံး (EOIR) တို့က စီမံဆောင်ရွက်ပါသည်။
USCIS သည် သင့် myUSCIS အကောင့်မှတဆင့် အွန်လိုင်းမှ ငွေပေးချေမှုများ သို့မဟုတ် ၎င်းတို့၏တရားဝင် လော့ခ်ဘောက်စ် တည်နေရာများမှတစ်ဆင့် စာတိုက်မှ ငွေပေးချေမှုများကိုသာ လက်ခံမည် ဖြစ်ပါသည်။ အွန်လိုင်းတွင် လျှောက်လွှာတစ်ခု ပြီးမြောက်သောအခါ pay.gov ၌ အခကြေးငွေများ ပေးဆောင်ရန် လမ်းညွှန်မည် ဖြစ်ပါသည်။
USCIS သည် အောက်ပါတို့ကို လုံးဝတောင်းဆိုမည်မဟုတ်ပါ။
- ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် ငွေပေးချေမှု
- Western Union၊ MoneyGram သို့မဟုတ် PayPal ကဲ့သို့သော ဝန်ဆောင်မှုများမှတစ်ဆင့် ငွေပေးချေမှု
- တစ်စုံတစ်ဦးထံ ငွေလွှဲရန် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံ ပေးချေရန်
USCIS နှင့် EOIR ဖောင်ပုံစံများအားလုံးကို USCIS.gov နှင့် justice.gov တွင် အခမဲ့ ရရှိနိုင်ပါသည်။ သင့်အား ဖောင်ပုံစံအတွက် မည်သူကမျှ အခကြေးငွေ ကောက်ခံမည်မဟုတ်ပါ။ |
ဥပဒေပိုင်းဆိုင်ရာ လိမ်လည်မှုများ
ဥပဒေရေးရာ အကူအညီ ရှာဖွေနေစဉ် သတိထားပါ။ ရှေ့နေများနှင့် DOJ အသိအမှတ်ပြု ကိုယ်စားလှယ်များသာ ဥပဒေရေးရာ အကြံဉာဏ်ပေးပိုင်ခွင့်ရှိပါသည်။
Notarios Publicos
လက်တင်အမေရိကနှင့် ဥရောပနိုင်ငံများစွာတွင် notario publicos (စာချုပ်စာတမ်း သက်သေခံ အစိုးရရှေ့နေ) သည် ဥပဒေရေးရာ အကြံဉာဏ်ပေးပိုင်ခွင့်ရှိသော လိုင်စင်ရ ရှေ့နေများ ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုတွင် စာချုပ်စာတမ်း သက်သေခံရှေ့နေများသည် ကျမ်းကျိန်ပြီး အရေးကြီးသော စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးခြင်းကို သက်သေခံပါသည်။ အမေရိကန်ပြည်ထောင်စုရှိ စာချုပ်စာတမ်း သက်သေခံ အစိုးရရှေ့နေများသည် မည်သည့်ဥပဒေရေးရာ ဝန်ဆောင်မှုမျိုးကိုမဆို ပေးအပ်ရန် လေ့ကျင့်သင်ကြားထားခြင်း သို့မဟုတ် ခွင့်ပြုချက်ရရှိထားခြင်း မရှိပါ။ သင့်အား လိမ်လည်ရန်ကြိုးစားနေသော အမေရိကန်ပြည်ထောင်စုရှိ စာချုပ်စာတမ်း သက်သေခံရှေ့နေများသည်-
- ဥပဒေရေးရာ ဝန်ဆောင်မှုများကို ပေးဟန်ဆောင်ခြင်း
- လိုအပ်သော ကျွမ်းကျင်မှုမရှိဘဲ USCIS လျှောက်လွှာများ တင်သွင်းရန် ကမ်းလှမ်းခြင်း
- သင့်လူဝင်မှုကြီးကြပ်ရေးကိစ္စတွင် ပြဿနာများဖြစ်စေသော မှားယွင်းသည့် ဥပဒေရေးရာ အကြံဉာဏ်ပေးခြင်း
အကြံပြုချက်-
လိုင်စင်ရ လူဝင်မှုကြီးကြပ်ရေး ရှေ့နေ သို့မဟုတ် အသိအမှတ်ပြု တရားဝင်ကိုယ်စားလှယ်ထံမှ ဥပဒေရေးရာ အကြံဉာဏ် ရယူကြောင်း သေချာပါစေ။ စိတ်ချယုံကြည်ရသော ဥပဒေရေးရာ ဝန်ဆောင်မှုပေးသူများအား ရှာဖွေနည်းကို လေ့လာပါ။
အယောင်ဆောင် ဝက်ဘ်ဆိုက်များ
လူဝင်မှုကြီးကြပ်ရေး အယောင်ဆောင် ဝက်ဘ်ဆိုဒ်တစ်ခုသည် USCIS လျှောက်လွှာတင်ရန် ညွှန်ကြားချက်များနှင့် အကူအညီ ပေးဟန်ဆောင်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် အယောင်ဆောင် ဝက်ဘ်ဆိုဒ်များသည် တရားဝင်ဆိုက်များနှင့် ဆင်တူစေရန် ကြိုးစားတတ်ကြပြီး တူညီသော ပုံစံ သို့မဟုတ် တရားဝင်တံဆိပ်ကို အသုံးပြုတတ်ကြပါသည်။ ၎င်းတို့တွင် စာလုံးပေါင်းအမှားများ ကြိုကြားကြိုကြား ပါရှိနိုင်ပါသည်။
အကြံပြုချက်များ-
- ဝက်ဘ်ဆိုဒ်ကို “https” လိပ်စာနှင့် လော့ခ်အိုင်ကွန် (🔒) ဖြင့် လုံခြုံအောင် ဆောင်ရွက်ထားကြောင်း သေချာပါစေ။
- တရားဝင် အစိုးရဆိုက်များသည် .gov ဖြင့် အဆုံးသတ်သည်
- တရားဝင်ဆိုက်များကို အသုံးပြုပါ - USCIS.gov၊ DHS.gov၊ justice.gov
- တရားဝင်ဝက်ဘ်ဆိုဒ်မှ အခမဲ့ အစိုးရဖောင်ပုံစံများကို ဒေါင်းလုဒ်လုပ်ပါ
- USCIS-online.org ကဲ့သို့သော ဆင်တူသည့်လိပ်စာဖြစ်စေရန် ကြိုးပမ်းထားသည့်ဆိုက်များအား အသုံးမပြုပါနှင့်
- ဗားရှင်းအသစ်များ ထွက်ရှိလာပါက သင့်ဖုန်းနှင့် ကွန်ပျူတာစနစ်များကို အပ်ဒိတ်လုပ်ပါ
- ခိုင်မာသော စကားဝှက်များနှင့် များစွာသော အထောက်အထားစိစစ်ခြင်းကို အသုံးပြုပါ
အယောင်ဆောင် အီးမေးလ်များ
အယောင်ဆောင် အီးမေးလ်များကို အလွန်အသုံးများပါသည်။ အယောင်ဆောင် အီးမေးလ်များတွင် နှိပ်လိုက်ပါက သင့်စက်၌ malware ကို ဒေါင်းလုဒ်လုပ်သည့် ဖိုင်များ သို့မဟုတ် လင့်ခ်များ ပါရှိပါသည်။ ၎င်းတို့သည် အကောင့်နံပါတ်များကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို တောင်းခံပါသည် သို့မဟုတ် ငွေပေးချေမှုများ ပြုလုပ်ရန် တောင်းဆိုနိုင်ပါသည်။
သံသယဖြစ်ဖွယ် အီးမေးလ်များတွင် အောက်ပါတို့ ပါရှိနိုင်သည်-
- သင့်အမည်တွင် ကဲ့သို့သော ကြိုကြားကြိုကြား စာလုံးပေါင်းအမှားများ
- ထူးဆန်းသော အက္ခရာများနှင့် ကွဲပြားသော ဖောင့်များ
- အစိုးရဝက်ဘ်ဆိုဒ်အတုများသို့ လင့်ခ်များ
အကြံပြုချက်များ-
- သံသယဖြစ်ဖွယ် အီးမေးလ်များကို မဖွင့်ပါနှင့်
- သင် မသိရှိသောသူထံမှ အီးမေးလ်ကို ဖွင့်ရာတွင် သတိထားပါ။
- USCIS သို့မဟုတ် အမေရိကန်ပြည်ထောင်စုအစိုးရထံမှ အီးမေးလ်များအားလုံးသည် အမြဲတစေ .gov ဖြင့် အဆုံးသတ်ပါသည်
- မည်သည့်လင့်ခ်ကိုမျှ မနှိပ်ပါနှင့်
- လင့်ခ်များကို နှိပ်မည့်အစား ဝက်ဘ်ဆိုက်လိပ်စာကို Google တွင် ရှာဖွေပါ သို့မဟုတ် ရိုက်ထည့်ပါ
- အီးမေးလ်မှတစ်ဆင့် ငွေပေးချေမှုများ မပြုလုပ်ပါနှင့်
- သံသယဖြစ်ဖွယ် အီးမေးလ်များကို အကြောင်းမပြန်ပါနှင့်
- USCIS ဆုံးဖြတ်ချက်ပါရှိကြောင်း ဖော်ပြထားသည့် အီးမေးလ်များကို သတိထားပါ
- မှန်ကန်သော အချက်အလက်များ ရရှိခြင်းဟုတ်၊ မဟုတ် စစ်ဆေးရန် myUSCIS သို့ သွားပါ (အရေးကြီးသော အပ်ဒိတ်များအားလုံး ထိုနေရာတွင် ရှိပါမည်)
[email protected] သည် လူလိမ်အီးမေးလ်တစ်ခု ဖြစ်ပါသည်။ အဆိုပါလိပ်စာမှ အီးမေးလ်များကို မဖွင့်ပါနှင့် သို့မဟုတ် ၎င်း၏လင့်ခ်များကို မနှိပ်ပါနှင့်။ |
အယောင်ဆောင် ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုများ
လူအများစုသည် အယောင်ဆောင် ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုများကို ရရှိကြပါသည်။ ယေဘုယျအားဖြင့် အယောင်ဆောင်လိမ်လည်သူများသည် သင် ဖုန်းကိုင်စေရန်အတွက် ၎င်းတို့၏ ခေါ်ဆိုသူ ID ကို သင်၏ဧရိယာကုဒ်နှင့် ကိုက်ညီအောင် ပြောင်းလဲလေ့ရှိပါသည်။ အသုံးအများဆုံး အမျိုးအစားများမှာ ခရက်ဒစ်ကတ်များနှင့် အခွန်များအကြောင်း ဖြစ်သော်လည်း အချို့မှာ လူဝင်မှုကြီးကြပ်ရေးအကြောင်း ဖြစ်နိုင်ပါသည်။
လိမ်လည်၍ ဖုန်းခေါ်ဆိုသူသည်-
- လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးအဖြစ် ဟန်ဆောင်နိုင်သည်
- ကိုယ်ရေးကိုယ်တာအချက်အလက် သို့မဟုတ် ငွေပေးချေမှုကို တောင်းခံနိုင်သည်
- သင့်အချက်အလက် မှားယွင်းနေသည် သို့မဟုတ် သင် အခကြေးငွေများ ပေးဆောင်ရန်ရှိသည်ဟု ပြောဆိုကာ သင့်အား တိုင်ကြားမည်ဟု ခြိမ်းခြောက်နိုင်သည်
အကြံပြုချက်များ-
- USCIS သည် ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် ဖုန်းဖြင့် ငွေပေးချေမှုများကို တောင်းခံခြင်းမပြုပါ
- ဖုန်းခေါ်ဆိုမှုအား အစစ်အမှန်ဟုတ်၊ မဟုတ် မသေချာပါက USCIS သို့မဟုတ် EOIR သို့ ဆက်သွယ်စစ်ဆေးပါ
- တရားဝင်ဆိုက်တွင် အေဂျင်စီ၏ ဆက်သွယ်ရန်အချက်အလက်များကို ရှာဖွေပါ
- သံသယဖြစ်ဖွယ် ခေါ်ဆိုမှုများကို ဖုန်းချပြီး ၎င်းတို့ထံ ပြန်လည်ခေါ်ဆိုရန် မကြိုးစားပါနှင့်
- မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုများကို ဘလော့ပါ
- မေးမြန်းလိုသည်များရှိပါက လူဝင်မှုကြီးကြပ်ရေး ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်ထံ ဆက်သွယ်ပါ
လိမ်လည်သူများသည် လူမှုမီဒီယာပေါ်တွင် သင့်ကို ဆက်သွယ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီပြည်ဝင်ခွင့်ပြုခြင်းကဲ့သို့သော လူဝင်မှုကြီးကြပ်ရေးလျှောက်လွှာအတွက် အကူအညီပေးရန် ကမ်းလှမ်းနိုင်ပါသည်။ USCIS သည် Facebook၊ Twitter၊ LinkedIn၊ WhatsApp သို့မဟုတ် အခြားအွန်လိုင်း ပလက်ဖောင်းများမှတစ်ဆင့် သင့်ထံ ဆက်သွယ်မည်မဟုတ်ပါ။
အခြားသော ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများ
ဤသည်မှာ အများပြည်သူထံ မျှဝေထားသော ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်ညာမှုများဆိုင်ရာ အာဏာပိုင်များ အသေးစိတ်စာရင်း ဖြစ်ပါသည်။
အာဖဂန်နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာအချက်အလက် လိမ်လည်မှုများသည် ရွှေ့ပြောင်းနေထိုင်မှု အကျိုးခံစားခွင့် ရရှိနိုင်စေရန်အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေရန် သင့်အား တောင်းဆိုနိုင်ပါသည်။ ယေဘုယျအားဖြင့် USCIS သည် ရွှေ့ပြောင်းနေထိုင်မှု အကျိုးခံစားခွင့်တစ်ခုအတွက် သင့်အား အတည်ပြုလိုက်သည်ဟု အကြောင်းကြားသော အီးမေးလ်များကို ပေးပို့ခြင်းမပြုပါ။
အမြန်ဆောင်ရွက်ပေးသည်ဟု အယောင်ဆောင်လိမ်လည်မှုများသည် အခကြေးငွေ ပေးဆောင်ပါက ဗီဇာ၊ ဂရင်းကတ် သို့မဟုတ် အလုပ်ပါမစ် အမြန်ရရှိမည်ဟု သင့်အား ကတိပြုနိုင်ပါသည်။ ၎င်းတို့က ယင်းကို "ကြားဖြတ်ခြင်း" ဟု ခေါ်ပါသည်။ ၎င်းတို့သည် သင့်ကိစ္စရပ်အား အမြန်ဆောင်ရွက်ပေးရန်အတွက် အစိုးရအဖွဲ့အတွင်း အဆက်အသွယ်ရှိသည်ဟုလည်း ဆိုနိုင်ပါသည်။ မည်သူမျှ ဝန်ဆောင်မှုများကို ပုံမှန် စီမံဆောင်ရွက်ချိန်ထက် ကျော်လွန်၍ အမြန်မလုပ်ဆောင်နိုင်ပါ။
ဖောင်ပုံစံ I-9 အီးမေးလ်ဖြင့် လိမ်လည်မှုများသည် USCIS အရာရှိများ ဟန်ဆောင်ကာ အလုပ်ရှင်များထံမှ ဖောင်ပုံစံ I-9 အချက်အလက်များကို တောင်းခံနိုင်ပါသည်။ အလုပ်ရှင်များသည် ဖောင်ပုံစံ I-9 ကို USCIS ထံ တင်ပြရန် မလိုအပ်ပါ။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီပြည်ဝင်ခွင့်ပြုခြင်း လိမ်လည်မှုများသည် ရွှေ့ပြောင်းနေထိုင်သူများနှင့် အာမခံသူများအပေါ် အခွင့်ကောင်းယူရန် ပစ်မှတ်ထားနိုင်သည်။ လိမ်လည်သူများသည် အွန်လိုင်း သို့မဟုတ် လူမှုမီဒီယာမှတစ်ဆင့် သင့်အား ဆက်သွယ်ပြီး သင်၏ထောက်ခံသူအဖြစ် လုပ်ဆောင်ပေးကာ အလဲလှယ်အနေဖြင့် အခကြေးငွေ သို့မဟုတ် သင်၏ပတ်စ်ပို့နံပါတ် သို့မဟုတ် မွေးသက္ကရာဇ်ကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များ တောင်းခံခြင်း အပေးအယူကို ကမ်းလှမ်းနိုင်ပါသည်။ အာမခံသူတစ်ဦးကို ရှာဖွေနေပါက Welcome Connect ကို အသုံးပြုပါ။
အာမခံသူများသည် အကျိုးခံစားခွင့်ရှိသူများကို ၂ နှစ်အထိ ငွေကြေးထောက်ပံ့ပေးရန် တာဝန်ရှိပါသည်။ အကျိုးခံစားခွင့်ရှိသူများသည် ၎င်းတို့၏အာမခံသူကို ပိုက်ဆံပြန်ဆပ်ရန် သို့မဟုတ် ၎င်းတို့အတွက် အလုပ်လုပ်ပေးရန် မလိုအပ်ပါ။ အာမခံသူများနှင့် အကျိုးခံစားခွင့်ရှိသူများသည် လျှောက်လွှာတင်ရန်အတွက် အခကြေးငွေ ပေးဆောင်ရန် မလိုပါ။
လူကုန်ကူးခြင်းဆိုင်ရာ လိမ်လည်မှုများသည် အီးမေးလ်ဖြင့် ဆက်သွယ်သော နိုင်ငံရပ်ခြားသို့ ပို့ဆောင်သည့် သံသယဖြစ်ဖွယ်ရာ အလုပ်ကမ်းလှမ်းမှုများ ပါဝင်သော အလုပ်ခန့်အပ်ခြင်းဆိုင်ရာ လိမ်လည်မှုများမှ ဖြစ်ပွားခြင်းဖြစ်သည်။ လူကုန်ကူးမှုတွင် လူများကို အလုပ်လုပ်ရန် အတင်းအကျပ်ခိုင်းစေခြင်းနှင့် ခြိမ်းခြောက်မှုများ၊ အကြွေးများနှင့် ရွှေ့ပြောင်းနေထိုင်မှု အခြေအနေကြောင့် ထွက်ခွာရန် မတတ်သာသော အခြေအနေများ ပါဝင်ပါသည်။ လူကုန်ကူးမှုကို ရှောင်ရှားရန်အတွက် ဘေးကင်းရေး အကြံပြုချက်များကို ရှာဖွေပါ။
TPS လိမ်လည်မှုများသည် TPS အတွက် ပြန်လည်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် မှားယွင်းသော အချက်အလက်များကို မကြာခဏ ပေးဆောင်လေ့ရှိပါသည်။ အဆိုပါလိမ်လည်မှုများသည် သင့် TPS ကို သက်တမ်းတိုးရန်အတွက် ဖောင်ပုံစံများနှင့် ငွေပေးချေမှုများအား တင်သွင်းရန် တောင်းဆိုနိုင်ပါသည်။ ယင်းကို အခမဲ့ သက်တမ်းတိုးနိုင်ပါသည်။ USCIS သည် တရားဝင် TPS သတင်းအချက်အလက်များကို အွန်လိုင်းတွင် အပ်ဒိတ်လုပ်သည်အထိ ဖောင်ပုံစံများကို တင်သွင်းခြင်း သို့မဟုတ် ငွေပေးချေခြင်းများ မပြုလုပ်ပါနှင့်။
ဗီဇာကံစမ်းမဲ လိမ်လည်မှုများက သင်သည် လူမျိုးစုံ အမေရိကန်နိုင်ငံ၌ အခြေချနေထိုင်ခွင့်ဗီဇာ (DV) အစီအစဉ်အတွက် ရွေးချယ်ခြင်းခံရသည်ဟု ပြောကြားနိုင်ပါသည်။ ဗီဇာကံစမ်းမဲကို နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံခန့်ခွဲခြင်းဖြစ်ပြီး USCIS က စီမံခန့်ခွဲခြင်းမဟုတ်ပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာကံစမ်းမဲအတွက် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ သင့်ထံ အီးမေးလ်များ ပေးပို့မည်မဟုတ်ပါ။ ဗီဇာကံစမ်းမဲသည် အခမဲ့ ဖြစ်ပါသည်။ လျှောက်ထားရန်အတွက် ငွေပေးချေရန် မလိုအပ်ပါ။
အယောင်ဆောင်မှုနှင့် လိမ်လည်မှုများကို တိုင်ကြားပါ
လိမ်လည်မှုများအား တိုင်ကြားခြင်းသည် သင့်အတွက် အထောက်အကူပြုနိုင်ပါသည်။ ယင်းသည် အခြားသူများ အလားတူအဖြစ်မျိုး မတွေ့ကြုံရစေရန်လည်း အထောက်အကူပြုပါသည်။ သင်သည် လိမ်လည်မှုတစ်ခုကို အမည်ဝှက်ဖြင့် တိုင်ကြားနိုင်ပြီး သင့်အမည်ကို ဖော်ပြရန် မလိုအပ်ပါ။ တိုင်ကြားချက်ကို အခြားသူတစ်ဦး၏ကိုယ်စား တင်သွင်းနိုင်ပါသည်။
လိမ်လည်မှု သို့မဟုတ် အယောင်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရယူစုဆောင်းထားကြောင်း သေချာပါစေ-
- အခင်းဖြစ်ပွားသည့် ရက်စွဲ၊ အချိန်နှင့် တည်နေရာ
- ပါဝင်ပတ်သက်သူ သို့မဟုတ် လုပ်ငန်း၏ အမည်များနှင့် ဆက်သွယ်ရန် အချက်အလက်များ
- ချိုးဖောက်ခြင်းဆိုင်ရာ ဖော်ပြချက်
ဖော်ပြပါသို့ တိုင်ကြားပါ |
လိမ်လည်မှုအမျိုးအစား |
---|---|
ရွှေ့ပြောင်းနေထိုင်မှု အကျိုးခံစားခွင့်များဆိုင်ရာ လိမ်လည်မှုများ |
|
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လိမ်လည်မှုများ |
|
လူဝင်မှုကြီးကြပ်ရေး တရားရုံး တရားစွဲဆိုမှုဆိုင်ရာ လိမ်လည်မှုများ |
|
လူကုန်ကူးမှုဆိုင်ရာ လိမ်လည်မှုများ |
|
USCIS နှင့် ဆက်နွယ်သည်ဟုဆိုသော သံသယဖြစ်ဖွယ် အီးမေးလ်များ၊ ဝက်ဘ်ဆိုဒ်များ သို့မဟုတ် လူမှုမီဒီယာအကောင့်များ |
|
အထွေထွေလိမ်လည်မှုများ |
|
ငွေကြေး သို့မဟုတ် ပစ္စည်းဥစ္စာများ ဆုံးရှုံးခြင်း |
|
လိမ်လည်မှု |
|
အင်တာနက် လိမ်လည်မှုများ |
|
အလုပ်ရှင်၏ အယောင်ဆောင်မှုနှင့် အလွဲသုံးစားမှု |
အကူအညီလိုအပ်ပါက ယုံကြည်စိတ်ချရသော မိသားစုဝင် သို့မဟုတ် သူငယ်ချင်းတစ်ဦးနှင့် ပြောဆိုဆွေးနွေးပါ။ တစ်စုံတစ်ယောက်က သင့်အား ခြိမ်းခြောက်နေပါက ထပ်လောင်းအကူအညီ ရယူပါ။
မှားယွင်းသော အခြားအချက်အလက်များကို သတိထားပါ။
အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေး အကြောင်းအရာနှင့်ပတ်သက်သည့် မှားယွင်းသော သတင်းအချက်အလက်အများအပြားကို မျှဝေနေကြပါသည်။ လုပ်ကြံဖန်တီးထားသော သတင်းအချက်အလက်များနှင့် မှားယွင်းသော သတင်းအချက်အလက်များကို သတိထားပါ။ ယေဘုယျအားဖြင့် လုပ်ကြံဖန်တီးထားသော သတင်းအချက်အလက်များကို သတင်းအတုဟု ခေါ်ဆိုပါသည်။ ယင်းသည် သင့်ထင်မြင်ချက်ကို လွှမ်းမိုးရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ မှားယွင်းသော သတင်းအချက်အလက်များသည် သင့်ကို လှည့်ဖြားရန် တမင်ရည်ရွယ်ခြင်းမဟုတ်ဘဲ မှားယွင်းသော သတင်းအချက်အလက်များကို ပေးအပ်မိခြင်း ဖြစ်ပါသည်။
အကြံပြုချက်များ-
- သင့်သတင်းနှင့် အချက်အလက်များ မည်သည့်နေရာမှလာသည်ကို အာရုံစိုက်ပါ
- ဆိုရှယ်မီဒီယာမှ ရရှိသော အချက်အလက်များကို သတိထားပါ
- ဆောင်းပါး သို့မဟုတ် ပို့စ်အတွင်း ပါရှိသော မူလအရင်းအမြစ်များကို စစ်ဆေးပါ
- ယုံကြည်စိတ်ချရခြင်းရှိ၊ မရှိ သိနိုင်ရန် စာရေးဆရာနှင့် အဖွဲ့အစည်းအကြောင်း ဖတ်ရှုပါ
- အခြားအရင်းအမြစ်တစ်ခုမှ အချက်အလက်ကို စစ်ဆေးအတည်ပြုပါ
အခြားအရင်းအမြစ်များ
ဤစာမျက်နှာရှိ အချက်အလက်များကို USCIS, FTC, DOJ, USA.gov, နှင့် အခြားယုံကြည်ရသော အရင်းအမြစ်များထံမှ ရရှိပါသည်။ ကျွန်ုပ်တို့သည် ပုံမှန်အပ်ဒိတ်လုပ်ထားသည့် နားလည်လွယ်သော အချက်အလက်များကို ပေးဆောင်ရန် ရည်ရွယ်ပါသည်။ ဤအချက်အလက်သည် ဥပဒေရေးရာ အကြံဉာဏ် မဟုတ်ပါ။