ယာယီအကာအကွယ်ပေးရေးအခြေအနေဆိုသည်မှာ အဘယ်နည်း။ | လျောက်ထားသူ အသစ်များ | ယခုလက်ရှိ ယာယီကာကွယ်ပေးရေး အခွင့်အရေး ရရှိထားသူများ | အလုပ် လုပ်ပိုင်ခွင့် | ခရီးသွားလာပိုင်ခွင့်ပါမစ် | အခြား အကာအကွယ်ပေးခြင်းများ | အကူအညီ ရယူရန်
ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်တွင် မွမ်းမံ ထားပါသည်

သင် ယခုယာယီအကာအကွယ်ပေးရေးအစီအစဉ် (TPS) ဘားမား (မြန်မာ) ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။ ထိုနေ့စွဲသည် သင် ယာယီအကာအကွယ်ပေေရေးအခြေအနေ ရရှိနိုင်သည့် နောက်ဆုံးနေ့လည်း ဖြစ်ပါသည်။
ယာယီအကာအကွယ်ပေးထားသည့်အခြေအနေဆိုတာ ဘာလဲ
ယာယီအကာအကွယ်ပေးထားသည့် အခြေအနေ (TPS) ဆိုသည်မှာ အမေရိကန်ပြည်ထောင်စုအတွင်းရှိသူများအား ပေးအပ်သည့် တရားဝင် နေထိုင်ခွင့်ပုံစံတစ်မျိုးဖြစ်ပါသည်။ ယာယီအကာအကွယ်ပေးရေးသည် သူတို့၏ မိခင် နိုင်ငံများသို့ အန္တရာယ်ကြောင့်ဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်စေ သို့မဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် မပြန်နိုင်သော သူများအတွက် ဖြစ်သည်။
ယာယီအကာအကွယ်ပေးရေးအခြေအနေ ခံစားခွင့်ရှိလျှင် သင်သည်-
- အချိန်ကာလတစ်ခုအထိ အမေရိကနိုင်ငံအတွင်း တရားဝင် နေထိုင်နိုင်ပါသည်
- အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကိုလျှောက်ထားနိုင်သည်
- အမေရိကန်ပြည်ထောင်စုပြင်ပသို့ ခရီးသွားလာရန် အထောက်အထား စာရွက်စာတမ်းတစ်ခုခုကို လျှောက်ထားနိုင်သည်
- သင့်အား ချုပ်နှောင်ခံရခြင်းနှင့် ပြည်နှင်ဒဏ်ပေးခံရခြင်းမှ ကာကွယ်ပေးသည်
သင့်လျှောက်လွှာအား အတည်မပြုရသေးမီ ယာယီအကာအကွယ်ပေးရေးအစီအစဉ်ဆိုင်ရာ အကျိုးခံစားခွင့် တစ်စုံတစ်ရာကိုမျှ သင်ရရှိနိုင်မည်မဟုတ်ပါ။ ယာယီအကာအကွယ်ပေးထားသည့်အခြေအနေသည် ယာယီကာလအတွက်သာ ဖြစ်သည်။ ၎င်းသည် သင့်အား တရားဝင် အမြဲတမ်း နေထိုင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် မည်သည့် အမြဲတမ်း နေထိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကိုမျှ မပေးပါ။
အများပြည်သူအတွက်ကောက်ခံမှု သည် ယာယီအကာအကွယ်ပေးရေး လျှောက်ထားသူများအတွက် အကျုံးမဝင်ပါ။ သင့်အတွက် အရည်အချင်း ပြည့်မှီသော မည်သည့် အစိုးရ အစီအစဥ်ကို မဆို အသုံပြုနိုင်ပါသည်။ |
လျောက်ထားသူ အသစ်များ
လျောက်ထားနိုင်သည့် သူများ
လျှောက်ထားရန်အတွက် သင်သည် အောက်ပါ လိုအပ်ချက်များနှင့် ကိုက်ညီရမည်-
- ဘာမား (မြန်မာ) နိုင်ငံသား တစ်ယောက် ဖြစ်ရမည်
- သို့မဟုတ် အမေရိကန်ပြည်ထောင်စုသို့ မရောက်မီ ဘားမား (မြန်မာ) နိုင်ငံတွင် နိုင်ငံသားဖြစ်မှု မရှိဘဲ ကာလရှည်ကြာစွာ နေထိုင်ခဲ့သူ ဖြစ်ရမည်
- အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းကနေထိုင်နေခဲ့သူဖြစ်ရမည်
- အမေရိကန်ပြည်ထောင်စုမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက ထွက်ခွာခဲ့ခြင်း မရှိသူဖြစ်ရမည်
သင်သည် ပြစ်မှုတစ်ခုခုကျူးလွန်ခဲ့ပါက လျှောက်ထားခွင့်မရှိပါ။
လျှောက်ထားပုံ
ယာယီအကာအကွယ်ပေးရေးအစီအစဉ် ဘားမား (မြန်မာ) ကို Form I-821၊ ယာယီအကာအကွယ်ပေးရေးအခြေအနေေ လျှောက်လွှာ အား ဖြည့်စွက်ကာ လျှောက်ထားနိုင်ပါသည်။ သင့်လျှောက်လွှာအား အွန်လိုင်းတွင် USCIS ဖြင့် လျှောက်ထားနိုင်ပါသည်။
သင်သည် အထောက်အထား၊ နိုင်ငံသားဖြစ်မှုနှင့် ဝင်ရောက်သည့်နေ့ရက်တို့ကို သက်သေပြနိုင်သည့် စာရွက်စာတမ်းများကို တင်ပြရမည်။ ထိုစာရွက်စာတမ်းများကို တင်ပြရမည့်အချက်အလက်များ (What to File) အပိုင်းတွင် ဖော်ပြထားပါသည်။
ယာယီအကာအကွယ်ပေးရေးအစီအစဉ်ကို ပထမဆုံးအကြိမ် လျှောက်ထားခြင်းဖြစ်ပါက ဝန်ဆောင်ခ ပေးဆောင်ရမည်။ ဝန်ဆောင်ခ ပေးဆောင်ရန် မတတ်နိုင်ပါက ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။ USCIS ဝန်ဆောင်ခ တွက်ချက်နည်းကို မည်သို့အသုံးပြုရမည် ကို လေ့လာပါ။
သင်သည် မေလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်မတိုင်ခင်တွင် လျောက်ထားရန် လိုအပ်ပါသည်။
လျှောက်လွှာတင်ပြီး ဘာဆက်ဖြစ်မှာလဲ
USCIS သည် သင့်လျှောက်လွှာအား စိစစ်ပြီး ရရှိကြောင်းအကြောင်းကြားစာကို သင့်ထံပေးပို့ပါမည်။ သင့်၏လက်ခံပြေစာနံပါတ်ကို ရိုက်ထည့်ကာ သင့်လျှောက်လွှာအခြေအနေကို အွန်လိုင်းတွင် စစ်ဆေးနိုင်ပါသည်။ သင် ဖောင်တင်ပြီး ၃ပါတ်ကြာသည့်တိုင် လက်ခံပြေစာ မရရှိခဲ့ပါက USCIS ဆက်သွယ်ရေး စင်တာသို့ ဆက်သွယ်နိုင်ပါသည်။
နောက်ထပ် သင်၏အထောက်အထားများကို တောင်းဆိုသည့် စာတစ်စောင် လက်ခံရရှိနိုင်ပါသည်။ ၎င်းတို့မှာ သင်၏ဓာတ်ပုံ၊ လက်ဗွေရာများ၊ လက်မှတ်နှင့်အခြားသောစာရွက်စာတမ်းများဖြစ်နိုင်ပါသည်။
သင်၏ လျှောက်လွှာအား အတည်ပြုသည့် သို့မဟုတ် ငြင်းပယ်သည့် စာတစ်စောင်ကို လက်ခံရရှိပါမည်။ အကယ်၍ သင်သည် အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားပါက သင့်လျှောက်လွှာနှင့်ပတ်သက်၍ သတင်းအချက်အလက်ကိုလည်း လက်ခံရရှိပါမည်။
အကယ်၍ သင်သည် ယာယီအကာအကွယ်ပေးရေးအစီအစဉ်ဆိုင်ရာ အခွင့်အရေးများ မရရှိခဲ့ပါက သင်သည် ၎င်းတို့၏ ဆုံးဖြတ်ချက်အား အသနားခံခွင့် တင်ပြနိုင်ခြင်း ရှိ မရှိနှင့် မည်သို့ တင်ပြရမည်နှင့် စပ်လျဉ်း၍ သတင်းအချက်အလက်ရရှိပါမည်။
ယခုလက်ရှိ ယာယီကာကွယ်ပေးရေး အခွင့်အရေး ရရှိထားသူများ
သင်သည် ယာယီအကာအကွယ်ပေးရေးအစီအစဉ် ဘားမား (မြန်မာ) ဆိုင်ရာ အခွင့်အရေးရရှိထားသူဖြစ်ပါက အကျိုးခံစားခွင့်များကို ဆက်လက် ရယူသွားရန်အတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ မတိုင်ခင် ပြန်လည် လျှောက်ထားရမည်ဖြစ်သည်။
သင်သည် ပြန်လည်လျှောက်ထားရမည့် နောက်ဆုံးနေ့အမီ မတင်ပြနိုင်ခဲ့ပါက နောက်ကျ ပြန်လည်လျှောက်ထားဖောင်ကို တင်နိုင်ပါသည်။ သင်သည် မည်သည့် အကြောင်းကြောင့် နောက်ကျရသည်ဆိုသည့် အကြောင်းပြချက်၊ ဥပမာ – အပြင်းအထန် နေမကောင်းဖြစ်နေပါသည်၊ ကို ရှင်းပြချက်စာရေးပြီး တင်ရမည်ဖြစ်သည်။ သင် လျှောက်လွှာဖောင်တင်ရမည့် ကဏ္ဍ “Where To File” အောက်တွင် အွန်လိုင်း သို့မဟုတ် စာတိုက်မှတဆင့် USCIS သို့ ပြန်လည် လျှောက်ထားနိုင်ပါသည်။
ယခုလက်ရှိ ယာယီအကာအကွယ်ပေးရေးအစီအစဥ် (TPS) ရှိထားသူများ၏ အလုပ်လုပ်ခွင့် အထောက်အထားများ (EADs) ကို DHS မှ အလိုအလျောက် သက်တမ်းတိုးပေးသွားမည် ဖြစ်ပါသည်။ သင်သည် ယာယီအကာအကွယ်ပေးရေး အစီအစဥ် (TPS) နှင့် အလုပ်လုပ်ခွင့် အထောက်အထား (EAD) အား နောက်ဆုံးလျှောက် ထားရမည့်ကာလအတွင်း လျှောက်ထားခဲ့ပါက သင်၏ အလုပ်လုပ်ခွင့်အထောက်အထားသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ အထိ အကျုံးဝင်ပါသည်။
အလုပ် လုပ်ပိုင်ခွင့်
အလုပ်လုပ်ခွင့်ပါမစ်အား ယာယီအကာအကွယ်ပေးရေးအစီအစဉ်ဆိုင်ရာ အခွင့်အရေး ရရှိသူများသာ ရရှိနိုင်ကာ ၎င်းကို အလုပ်အကိုင်ဆိုင်ရာ ခွင့်ပြုချက်စာရွက်စာတမ်း ( EAD) ဟု သိရှိကြသည်။ ၎င်းစာရွက်စာတမ်းဖြင့် သင်သည် အမေရိကန်ပြည်ထောင်စုတွင် အလုပ်လုပ်ခွင့်ရှိသူဖြစ်ကြောင်း အလုပ်ရှင်များအား အထောက်အထားပြသနိုင်ပါသည်။ သင်သည် ယာယီအကာအကွယ်ပေးရေးအစီအစဉ်ဆိုင်ရာ အခွင့်အရေး (TPS) လျှောက်ထားသည့် အချိန်တွင်Form I-765၊ အလုပ်လုပ်ကိုင်ခွင့်လျှောက်လွှာ (Request for Employment Authorization) ကို ဖြည့်ပြီး အလုပ်လုပ်ခွင့်ပါမစ်ကိလျှောက်ထားနိုင်ပါသည်။
သင် ယာယီအကာအကွယ်ပေးရေးအစီအစဥ် လျှောက်ထားချိန်တွင် တပြိုင်တည်း လျှောက်ထားရန်အတွက် အကြံပြုပါသည်။ ဖောင်ပုံစံနှစ်ခုအား အတူတကွဖြည့်သွင်း လျှောက်ထားခြင်းဖြင့် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်စာရွက်စာတမ်း(EAD)ကို ပိုမိုမြန်ဆန်စွာရရှိနိုင်ပါသည်။ နောက်မှလည်း လျှောက်ထားနိုင်ပါသည်။
သင်သည် ယခုလက်ရှိ လျှောက်ထားရမည့် ကာလအတွင်း လျှောက်ထားလျှင် အလုပ် လုပ်ပိုင်ခွင့်သည် မေလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမည်ဖြစ်သည်။
ခရီးသွားလာခွင့် ပါမစ်
ယာယီအကာအကွယ်ပေးရေးအစီအစဉ်ဆိုင်ရာ အခွင့်အရေး ရရှိထားသူများသည် ခရီးသွားလာခွင့်ပါမစ် ရရှိနိုင်ပါသည်။ ၎င်းကို ကြိုတင်ကတိခံဝန်ချက်ဖြင့် သွားလာခွင့်ဟု သိရှိကြသည်။ ၎င်းက သင်သည် အမေရိကန်ပြည်ထောင်စုမှ နိုင်ငံခြားတိုင်းပြည်များသို့ ဝင်ထွက်သွားလာခွင့်ရှိသူဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများအား အထောက်အထားပြုပေးပါသည်။
ခရီးသွားလာခွင့်အား Form I-131၊ ခရီးသွားလာခွင့်လျှောက်လွှာ Application for Travel Documentကို ဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။ ခရီးသွားလာခွင့် လျှောက်ထားရာတွင် ဖက်ဒရယ်မှတ်ပုံတင်ဌာန၏ ကြေငြာချက်ပါ ညွှန်ကြားချက်များကို လိုက်နာပါ။
အလုပ်လုပ်ခွင့်ပါမစ်နှင့် ခရီးသွားလာခွင့်ပါမစ်များအား တစ်ချိန်တည်းတွင် သို့မဟုတ် သီးခြားစီ လျှောက်ထားနိုင်ပါသည်။
ယာယီအကာအကွယ်ပေးရေးအစီအစဉ် ဘားမား (မြန်မာ) သက်တမ်းကုန်ဆုံးသွားရင် ဘာဖြစ်မှာလဲ။
အမိမြေလုံခြုံရေးဌာန (DHS) သည် နိုင်ငံအခြေအနေများအား သုံးသပ်ပြီး ယာယီအကာအကွယ်ပေးရေးအစီအစဉ်ဆိုင်ရာခံစားခွင့် သက်တမ်း မကုန်ဆုံးမီ နှစ်လကြိုတင်၍ ၎င်းခံစားခွင့် သက်တမ်းကို ထပ်တိုးသင့် မတိုးသင့် ဆုံးဖြတ်ပါမည်။
အကယ်၍ ယာယီအကာအကွယ်ပေးရေးအစီအစဉ် ဘားမား (မြန်မာ) ဆိုင်ရာ ခံစားခွင့် သက်တမ်းကုန်ဆုံးသွားပါက ၎င်းအခြေအနေ မရရှိခင်က ရှိထားသည့် သင်၏ နေထိုင်ခွင့်အခြေအနေကို ပြန်လည်ရရှိပါမည်။
အကယ်၍ သင်သည် ယာယီအကာအကွယ်ပေးရေးအစီအစဉ်ကို မလျှောက်ထားမီ တရားဝင်နေထိုင်ခွင့် အထောက်အထား မရှိထားပါက အထောက်အထားမဲ့ အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်။ အကယ်၍ သတ်မှတ်ချက်ပြည့်မီပါက အခြားသော နေထိုင်ခွင့်အထောက်အထားများကို လျှောက်ထားနိုင်ပါသည်။
အကယ်၍ သင်သည် တရားဝင် အထောက်အထားတစ်စုံတစ်ရာမရှိဘဲ နေထိုင်ပါက ဖမ်းဆီးခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရခြင်းများ ကြုံတွေ့နိုင်ပါသည်။
ကျွန်ုပ်၏ နေထိုင်ခွင့်သတ်မှတ်ချက်ကို ပြောင်းလဲ၍ ရပါသလား။
သင်သည် ယာယီအကာအကွယ်ပေးရေးအစီအစဉ်ဆိုင်ရာ ခံစားခွင့်ကို အခြားသော နေထိုင်ခွင့်သတ်မှတ်ချက်များနှင့်အတူ တစ်ပြိုင်တည်း ရရှိခံစားနိုင်ပါသည်။
အကယ်၍ သင်သည် သတ်မှတ်ချက်များ ကိုက်ညီပါက နိုင်ငံရေးခိုလှုံခွင့်၊ တရားဝင်အမြဲတမ်းနေထိုင်ခွင့် (အစိမ်းရောင်ကတ်) သို့မဟုတ် အခြားသော အကာအကွယ်ပေးသည့် အခွင့်အရေးများကို လျှောက်ထားနိုင်ပါသည်။
ကျွန်ုပ် မည်သည့်နေရာတွင် အကူအညီ ရနိုင်သလဲ။
လူဝင်မှုကြီးကြပ်ရေးရှေ့နေ သို့မဟုတ် အသိအမှတ်ပြု ကိုယ်စားလှယ်ထံမှ ဥပဒေအကြံဉာဏ် ရယူရန် အရေးကြီးပါသည်။ ၎င်းတို့သည် သင့်အား လျှောက်ထားရန်နှင့် မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများကို ဆွေးနွေးရန် ကူညီပေးနိုင်ပါသည်။ အဖွဲ့အစည်းများနှင့် ရှေ့နေများစွာသည် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်နည်းသော ဥပဒေရေးရာဝန်ဆောင်မှုများကို ပေးနေပါသည်။
မြန်မာနိုင်ငံ သံရုံးက သတင်းအချက်အလက်များ ပိုမိုပေးအပ်နိုင်ပါသည်။ မြန်မာနိုင်ငံသံရုံးအား (202) 332-3344 မှတဆင့် ဆက်သွယ်နိုင်ပါသည် သို့မဟုတ် ဝါရှင်တန်ဒီစီရှိ ၎င်းရုံးသို့ သွားရောက်မေးမြန်းနိုင်ပါသည်။

စာရွက်စာတမ်းအတုပြုလုပ်ခြင်းနှင့် ဝက်ဆိုက်ဒ် အတုအယောင်များကဲ့သို့ အဖြစ်များသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်ညာမှုများကို လေ့လာပါ။ သင့်ကိုယ်သင် မည်သို့ ကာကွယ်ရမည်နှင့် အကယ်၍ သင်သည် လိမ်ညာမှုခံရပါက မည်သို့လုပ်ဆောင်ရမည်ကို နားလည်သိရှိအောင်လုပ်ပါ။
The information on this page comes from DHS, USCIS, and other trusted sources. We aim to offer easy to understand information that is updated regularly. This information is not legal advice.