မျှဝေခြင်း

ရွှေ့ပြောင်းခိုလှုံခွင့်ဆိုင်ရာ လိမ်ညာမှုများအား ရှောင်ကြဉ်နိုင်ရန် လမ်းညွှန်ချက်များ

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှုများသည် အလွန်အဖြစ်များပြီး ပုံစံအမျိုးမျိုးရှိသည်။ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိထားသင့်ပါသည်။ လိမ်လည်မှုများကို ခွဲခြားသတ်မှတ်ရန်၊ ရှောင်ရှားရန်နှင့် သတင်းပို့ရန် အကြံပြုချက်များကို ရယူပါ။


လိမ်လည်ခြင်း (ဝါ) လှည့်ဖျားခြင်းသည် တစ်စုံတစ်ယောက်က သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက် သို့မဟုတ် ပိုက်ဆံကို ခိုးယူရန် လိမ်လည်ခြင်းကို ဆိုလိုသည်။ ၎င်းသည် တရားမဝင်ပါ။ ဝမ်းနည်းစရာကောင်းစွာပင် လိမ်လည်မှုနှင့် လှည့်ဖျားမှုများသည် အဖြစ်များတတ်ပါသည်။

များစွာသောလိမ်လည်မှုများသည် ရွှေ့ပြောင်းခိုလှုံခွင့်ဆိုင်ရာ ရပိုင်ခွင့်များကို မက်လုံးပေးတတ်ကြသည်။ အကယ်၍ သင်သည် တချို့သော လုပ်ငန်းစဉ်များကို နားမလည်ပါက သင်၏ ဒေသတွင်းရှိ လဝကရုံး သို့မဟုတ် တရားဝင် ဝန်ဆောင်မှုပေးသည့်နေရာများကို ဆက်သွယ်ပါ။ 

‌ငွေပေးချေမှုများ

လိမ်ညာမှုအများစုသည် ရွှေ့ပြောင်းခိုလှုံရေးအတွက် ‌‌ငွေပေးချေရန် တောင်းဆိုတတ်ကြသည်။ ရွှေ့ပြောင်းခိုလှုံကြေးနှင့် ဖောင်များကို  (USCIS)၊ (DOS)၊ နှင့်  (EOIR) တို့ကသာ ကိုင်တွယ်သည်။

USCIS သည် သင်၏ myUSCIS အကောင့် သို့မဟုတ် တရားဝင် ငွေကောက်ခံသည့်စာတိုက်နေရာ များမှတဆင့်သာ ငွေလက်ခံသည်။ သင်သည် ဖောင်ဖြည့်ပြီးပါက pay.gov သို့ ငွေပေးချေရန် ရောက်ရှိသွားမည် ဖြစ်သည်။

USCIS သည် ဘယ်တော့အခါမှ 

  • ဖုန်း သို့မဟုတ် အီးမေးလ်မှတဆင့် ‌ငွေပေးချေမှု 
  • Western Union, MoneyGram or Paypal ကဲ့သို့သော့ ဝန်ဆောင်မှုများမှ ငွေပေးချေမှု
  • တစ်စုံတစ်ယောက်ဆီသို့ ငွေလွှဲခိုင်းမှု သို့မဟုတ် တစ်စုံတစ်ယောက်ကို ပိုက်ဆံပေးခိုင်းမှု တို့ကို မတောင်းဆိုပါ။
USCIS.gov နှင့် justice.govရှိ USCIS နှင့် EOIR ဖောင်အားလုံးသည် အခမဲ့ဖြစ်သည်။ မည်သူမှ သင့်ကို ဖောင်ကြေးအတွက် ငွေသွင်းခိုင်းမည် မဟုတ်ပါ။

ကိုယ်ရေးကိုယ်တာအချက်အလက်

လိမ်လည်သူသည် သင်၏အချက်အလက်နှင့် ပိုက်ဆံကိုခိုးယူရန် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်ကို ရယူရန်ကြိုးစားနိုင်သည်။ ဤအရာတွင် အောက်ပါတို့ဝင်နိုင်သည်။ 

  • သင်၏အမည်နှင့် လိပ်စာ
  • ဘဏ်အကောင်နှင့် credit card နံပါတ်
  • မှတ်ပုံတင်နံပါတ်
  • ကျန်းမာရေးအာမခံနံပါတ်

အကယ်၍ တစ်စုံတစ်ဦးက ဤအချက်များတောင်းဆိုလာပါက သတိကြီးကြီးထားပါ။ အထက်ပါ အချက်အလက်တို့အား သင်ယုံကြည်ရသောလူကိုသာပေးပါ။

တရားဝင်စာရွက်စာတမ်း လိမ်ညာမှုများ

ရှေ့နေနှင့် DOJ အသိမှတ်ပြု ကိုယ်စားလှယ်များသာ တရားဝင်စာရွက်စာတမ်းနှင့်ဆိုင်သော အကြံများကို ပေးခွင့်ရှိသည်။ 

နိုတြီများ

လက်တင်အမေရိကနှင့် ဥရောပနိုင်ငံများတွင် လိုင်စင်ရ ရှေ့နေများက notario publicos (notary publics) နိုတြီစာရွက်စာတမ်းပြန်ခြင်းနှင့်ဆိုင်သော အကြံများကို ပေးပိုင်ခွင့်ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင်သော်ကား နိုတြီအရာရှိများသည် ကျမ်းကျိန်ဆိုခြင်းနှင့် အရေးကြီးသော စာချုပ်စာတမ်းများလက်မှတ်ရေးထိုးခြင်းများတွင် မျက်မြင်သက်သေအဖြစ် ပြုလုပ်ကြသည်။ အမေရိကန်ပြည်ထောင်စုရှိ နိုတြီဝန်ဆောင်မှုများသည် တရားဝင်စာရွက်စာတမ်းနှင့်ဆိုင်သာ အကြံပေးခြင်းများကို ပြုလုပ်လေ့ မရှိပါ။ အမေရိကန်ပြည်ထောင်စုရှိ လိမ်လည်ရန်ကြိုးစားနေသော နိုတြီပြန်သူများသည်

  • တရားဝန်ဝင်ဆောင်မှုများပေးသကဲ့သို့ဟန်ဆောင်နိုင်သည်။
  • မလိုအပ်ဘဲ USCIS စာရွက်စာတမ်းများကို ပေးပို့ရန် တောင်းဆိုတတ်ကြသည်။
  • သင်၏ ရွှေ့ပြောင်းနေထိုင်သောကိစ္စရပ်များတွင် ပြဿနာဖြစ်လာဟန်ချေရှိသော အကြံမှားများကို ပေးတတ်ကြသည်။

အကြံပြုချက်များ

လိုင်စင်ရ လူဝင်ရောက်မှုကြီးကြပ်ရေးရှေ့နေသို့မဟုတ် အသိမှတ်ပြုထားသော တရားဝင် ကိုယ်စားလှယ်မှ တရားဝင်အကြံအဉာဏ်များကိုသာ ရယူပါ။ ယုံကြည်ရသော တရားဝန်ထောက်ပံသူများအားမည်ကဲ့သိရှာဖွေရမည်ကို သင်ယူပါ။ 

လိမ်လည်လှည့်ဖျားမည့် ဝက်ဆိုဒ်များ

လိမ်လည်လှည့်ဖျားမည့် လူဝင်မှုကြီးကြပ်ရေးဝက်ဆိုဒ်များသည် သတင်းညွှန်ကြားချက်များပေးနေဟန်နှင့် USCIS စာရွက်စာတမ်းများကို ပေးပို့ရန် ‌တောင်းဆိုတတ်သည်။ လိမ်လည်သောဝက်ဆိုဒ်များသည် တစ်ခါတစ်ရံတွင် တရားဝင်ဆိုဒ်နှင့်ဆင်တူသောဆိုဒ်များဖြစ်အောင် ကြိုးစားလာတတ်ပြီး တရားဝင်တံဆိပ်တုံးနှင့် ဆင်တူယိုးမှားစီးတံဆိပ်များကိုပါ အသုံးပြုလာနိုင်သည်။ ထိုအရာများတွင် သင်္ကာစရာကောင်းသော သတ်ပုံမှားများ ပါတတ်ကြသည်။

အကြံပြုချက်များ

  • ဝက်ဆိုဒ်သည် “https” လိပ်စာနှင့် သော့ပုံစံ(🔒) ပါဝင်သည်လားဟု သေချာအတည်ပြုပါ။ 
  • တရားဝင်အစိုးရ ဆိုင်များသည် .gov နှင့်အဆုံးသတ်ပါသည်။ 
  • တရားဝင်ဝက်ဘ်ဆိုဒ်များဖြစ်သော USCIS.gov, DHS.gov, justice.gov ကိုအသုံးပြုပါ။
  • တရားဝင်ဝက်ဆိုဒ်မှ အခမဲ့ USCIS ဖောင်များကို ဒေါင်းလုတ်ရယူပါ
  • USCIS-onling.org ဆိုသော ဆင်တူယိုးမှား ဆိုဒ်များကို အသုံးမပြုပါနှင့်
  • နောက်ဆုံးဗားရှင်းထွက်သောအခါ သင့်၏ဖုန်းနှင့် ကွန်ပြူတာစနစ်ကို အဆင့်မြှင့်တင်ပါ
  • ခိုင်မာသောလျှို့ဝှက်ကုဒ်နှင့် လျှို့ဝှက်အဆင့် များစွာခံထားခြင်းနည်း ကိုအသုံးပြုပါ။

လိမ်လည်လှည့်ဖျားမည့် အီးမေးလ်များ 

လိမ်လည်မှုအီးမေးလ်များသည် အလွန် တွေ့ရများသည်။ လိမ်လည်လှည့်ဖျားလိုသည့် အီးမေးလ်များတွင် သင့်ကွန်ပြူတာကို ပျက်စီးစေနိုင်ရန် ‌‌ဒေါင်းလုဒ်လုပ်ပေးသည့် ဖိုင် သို့မဟုတ် လင့်ခ်များ ပါရှိတတ်သည်။ ထိုအီးမေးလ်များသည် ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်သော အကောင့်နံပါတ်များကိုသော်လည်းကောင်း ‌ငွေကြေးကိုလည်းကောင်း တောင်းဆိုလာနိုင်သည်။ 

သံသယရှိဖွယ် အီးမေးလ်များတွင်

  • သင့်နာမည်တွင် သင်္ကာစရာကောင်းသော သတ်ပုံမှားများ၊
  • ထူးဆန်းသောစာလုံးများနှင့် ပြောင်လဲနေသောဖောင့်များ၊
  • အစိုးရဝက်ဆိုဒ်အတုများသို့ လင့်များ ပါရှိတတ်သည်။

အကြံပြုချက်များ

  • ယုံကြည်ဖွယ်မကောင်းသောအီးမေးလ်များကို ဖွင့်မကြည့်ပါနှင့်။
  • ကိုယ်မသိသော တစ်စုံတစ်ဦးထံမှ ရောက်လာသော အီးမေးလ်တစ်ခုကိုဖွင့်မည်ဆိုပါက သတိနှင့်ဖွင့်ပါ။
  • USCIS သို့မဟုတ် အမေရိကန်ပြည်ထောင်စုအစိုးရမှ အီးမေးလ်အားလုံးများသည် .gov နှင့် အမြဲတမ်းအဆုံးသတ်လိမ့်မည်။
  • မည်သည့်လင့်ခ်မဆိုမနှိပ်လိုက်ပါနှင့်။
  • လင့်ခ်ကိုနှိပ်မည့်အစား ဝက်ဆိုဒ်လိပ်စာကို google ခေါက်၍ ရိုက်ရှာကြည့်ပါ။
  • အီးမေးလ်မှတစ်ဆင့် ငွေပေးချေမှုများကို မလုပ်ပါနှင့်။
  • သံသယရှိဖွယ်အီးမေးလ်များအား မတုံ့ပြန်ပါနှင့်။
  • USCIS ဆုံးဖြတ်ချက်တစ်ခုပါရှိကြောင်း ဖော်ပြထားသော မည့်သည့်အီးမေးလ်ကိုမဆို သတိထားပါ။
  • မှန်ကန်သောအချက်အလက်ရရှိနေကြောင်းကို စစ်ဆေးရန် myUSCISသို့သွားပါ။( အရေးကြီးသော နောက်ဆုံးရအချက်အလက်များ ထိုနေရာတွင်ရှိလိမ့်မည်။)
[email protected] သည် လိမ်လည်သောအီးမေးလ်တစ်ခုဖြစ်သည်။ ဤလိပ်စာမှ အီးမေးလ်များကို ဖွင့်ကြည့်ခြင်း သို့မဟုတ် ပါရှိနေသော လင့်ခ်များကို နှိပ်ကြည့်ခြင်း မပြုလုပ်ပါနှင့်။

လိမ်လည်လှည့်ဖျားမည့် ဖုန်းခေါ်ဆိုမှုများ 

လူအများစုသည် လိမ်လည်သောဖုန်းကောလ်များကို ရရှိလေ့ရှိသည်။ လိမ်ညာသူများသည် သင်ဖုန်းကိုင်စေရန် သူတို့၏ဖုန်း အိုင်ဒီကို သင်၏ ဧရိယာကုဒ်နှင့်ကိုက်ညီစေရန် ပြောင်းလဲတတ်ကြသည်။ credit cardsနှင့် အခွန်ပေးချေခြင်းနှင့်ဆိုင်သော လိမ်လည်ဖုန်းကောလ်များသည် တွေ့ရအများဆုံးဖြစ်သည်။ သို့သော် တချို့ဖုန်းကော်လ်များမှာ ရွှေ့ပြောင်းခိုလှုံရေးနှင့် ပတ်သက်ကာ လိမ်လည်တတ်ကြသည်။

လိမ်ညာဖုန်းခေါ်ဆိုသူသည်

  • လူဝင်မှုကြီးကြပ်ရေးရှိ တာဝန်ရှိသူအနေဖြင့်ဟန်ဆောင်နိုင်သည်။
  • ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ငွေပေးချေမှုများအကြောင်းမေးမြန်းလာနိုင်သည်။
  • သင်၏အချက်အလက်များမှားယွင်းကြောင်းပြော၍ဖြစ်စေ ဒဏ်ကြေးပေးရန် သင့်ကို အရေးယူမည်ဟုဆိုက၍ဖြစ်စေ ခြောက်ခြားလာနိုင်သည်။

အကြံပြုချက်များ

  • USCIS သည် ဖုန်းပေါ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များ သို့မဟုတ် ‌ငွေပေးချေမှုများအကြောင်း ဖုန်းဆက်မမေးပါ။
  • ဖုန်းကောလ်သည် အမှန်ပြောနေကြောင်း သံသရရှိပါက USCIS, EOIR တို့နှင့် တိုက်ဆိုင်စစ်ဆေးပါ။
  • တရားဝန်ဝက်ဆိုဒ်ရှိ အေဂျင်ဆီလိပ်စာများကို ရှာဖွေပါ။
  • သံသယရှိဖွယ် ဖုန်းကောလ်များကို ချပစ်ပါ။ ပြန်လည်ဆက်သွယ်ခြင်းလည်းမပြုပါနှင့်။
  • အလိုမရှိသော ဖုန်းကောလ်များနှင့် မက်ဆေ့ချ်များအား ဘလောခ့်လုပ်ပါ။
  • မေးခွန်းများရှိပါက လူဝင်မှုကြည့်ကြပ်ရေး ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးအား ဆက်သွယ်မေးမြန်းပါ။ 

လိမ်လည်သူများသည် Humanitarian Parole ခေါ် လူမှုစာနာမှုဗီဇာကဲ့သို့သော ဝန်ဆောင်မှုများကို ကူညီပေးမည်ဟုဆိုကာ ဆိုရှယ်မီဒီယာများမှ လာရောက် ဆက်သွယ်နိုင်ပါသည်။ USCIS သည် သင့်အား Facebook၊Twitter၊ Linkedln သို့မဟုတ် အခြားသော အွန်လိုင်းပလတ်ဖောင်းများမှ ဆက်သွယ်လာမည်မဟုတ်ပါ။

အခြား ရွှေ့ပြောင်းခိုလှုံခွင့်ဆိုင်ရာ လိမ်ညာမှုများ 

အောက်ပါ အချက်အလက်များသည် အာဏာပိုင်များက အများသိအောင်ချပြထားသော ရွှေ့ပြောင်းခိုလှုံခွင့်နှင့်ဆိုင်သော လိမ်လည်မှုအချို့ ဖြစ်သည်။

အာဖဂန် ကိုယ်ရေးအချက်အလက် လိမ်လည်မှုများ သည်သင့်ကို ရွှေ့ပြောင်းခိုလှုံ‌ရေး အကျိုးအမြတ်များအကြောင်းမက်လုံးပေးကာ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေစေခြင်းဖြစ်သည်။ USCIS သည် အများအားဖြင့် သင့်တွင် ရွှေ့ပြောင်းခိုလှုံခွင့်ဆိုင်ရာ အကျိုးအမြတ်ရရှိထားပါသည်ဟု အသိပေးအီးမေးလ်များ ပို့လေ့မရှိပါ။

လျင်လျင်မြန်မြန်ဆောင်ရွက်‌‌ပေးမည်ဟုဆိုကာ လိမ်ညာခြင်း တွင် သင့်ကို ဗီဇာ၊ green card၊ သို့မဟုတ် work permit အမြန်ရရန် ဆောင်ရွက်ပေးမည်ဟုဆိုကာ လိမ်ညာခြင်း ဖြစ်သည်။ လိမ်စားသူများကတော့ ဤသည်ကို “ကြားဖြတ်ခြင်း” ဟုခေါ်ကြသည်။ သင်၏ စာရွက်စာတမ်းကိစ္စများကို လျင်မြန်အောင်လုပ်ပေးမည့် အဆက်အသွယ်များ အစိုးရရုံးများတွင်ရှိသည်ဟုလည်း ပြောလာနိုင်သည်။ မည်သူမှ သာမန် လုပ်ဆောင်နေသောအချိန်ထက် မြန်ဆန်သော ဝန်ဆောင်မှုများကို မပေးနိုင်ပါ။

I-9 ပုံစံအီးမေးလ်လိမ်လည်တွင် USCIS မှအရာရှိများဟန်ဆောင်ကာ အလုပ်ရှင်များထံမှ I-9 ပုံစံ ကိုယ်ရေးအချက်အလက်များကို တောင်းဆိုလာနိုင်သည်။ အလုပ်ရှင်များသည် USCIS သို့ I-9 ပုံစံကို ပေးပို့ပေးရန် မလိုအပ်ပါ။ 

လူမှုစာနာမှုဗီဇာ (Humanitarian Parole) လိမ်လည်မှုများသည် ရွှေ့ပြောင်းခိုလှုံသူများနှင့် အာမခံသူ (sponsors) များကို အမြတ်ထုတ်ရန် ပစ်မှတ်ထားနိုင်သည်။ လိမ်လည်သူများသည် အွန်လိုင်း သို့မဟုတ် ဆိုရှယ်မီဒီယာမှတစ်ဆင့် သင့်ကို ဆက်သွယ်ကာ ထောက်ပံ့ကူညီပေးသူလုပ်ပေးမည်ဟုဆိုကာ ထို့အတွက် ပိုက်ဆံ သို့မဟုတ် ကိုယ်‌ရေးအချက်အလက်များဖြစ်သော ပတ်စ်ပို့နံပါတ်၊ ‌မွေးနေ့မွေးရက်များကို ပေးရန်လိုအပ်သည်ဟု ဆိုလာနိုင်သည်။ အာမခံသူ (sponsor) ကိုရှာဖွ​နေပါက Welcome Connectကို အသုံးပြုပါ။

အာမခံသူများသည် သူတို့ အာမခံပေးသူများကို (၂)နှစ်တိုင်တိုင် ငွေကြေးထောက်ပံ့မှုပေးမည့် တာဝန်ကိုယူရမည် ဖြစ်သည်။ အာမခံရသူသည် သူတို့၏အာမခံပေးသူကို ‌ငွေကြေးပြန်ဆပ်ခြင်း သို့မဟုတ် အာမခံပေးသူအတွက် အလုပ်လုပ်ပေးခြင်းတို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ အာမခံမည့်သူနှင့် အာမခံရမည့်သူသည် ဖောင်အတွက် ‌ငွေပေးချေရန် လုံးဝ (လုံးဝ) မလိုအပ်ပါ။

လူကုန်ကူးခြင်းသည် အီးမေးလ်မှတဆင့် လိမ်လည်ခန့်အပ်လာသော မသင်္ကာဖွယ်ကောင်းသော နိုင်ငံရပ်ခြားအလုပ်ခန့်အပ်စာများ၏ နောက်ဆက်တွဲရလဒ်ပင် ဖြစ်သည်။ ခြိမ်းခြောက်ခံရခြင်း၊ အကြွေးများတင်ရှိနေခြင်းနှင့် immigration status စသော အခြေအနေအကြောင်းကြောင်းကြောင့် သာမန်သူများသည် လုပ်ငန်းခွင်ထဲသို့ အတင်းအကြပ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းသည် လူကုန်ကူးခံနေရခြင်း တစ်ခုပင်။ လူကုန်ကူးမှုကိုရှောင်ကြဉ်နိုင်မည့် လုံခြုံစေသော လမ်းညွှန်ချက်များ ကိုရှာပါ။

TPS လိမ်လည်မှုများတွင် TPS ကို ထပ်မံဖြည့်သွင်းစေမည့် သတင်းအချက်အလက်မှားများ ပေးပို့လာခြင်း ပါဝင်သည်။ TPS ကို သက်တမ်းတိုးပေးရန် ထိုလိမ်လည်မှုများသည် သင့်အား ဖောင်များဖြည့်စေခြင်း၊ ပိုက်ဆံသွင်းစေခြင်းတို့ လုပ်ဆောင်ခိုင်းလိမ့်မည်။ သက်တမ်းတိုးကြေးသည် အခမဲ့ဖြစ်သည်။ USCISမှ တရားဝင် TPS သတင်းအချက်အလက်  များအား ကြေညာထားခြင်းမရှိဘဲ အွန်လိုင်းတွင် ငွေပေးချေခြင်း၊ ဖောင်ဖြည့်သွင်းခြင်းတို့ကို မပြုလုပ်ပါနဲ့။ 

ဒီဗွီမဲလိမ်လည်မှုများတွင် သင်သည် ဒီဗွီ(DV)ပေါက်သည်ဟု ပြောဆို၍လိမ်လည်လာနိုင်သည်။ DV မဲကို USCISမှမဟုတ်ဘဲ Department of State မှ ကိုင်တွယ်သည်။ Department of State သည် သင့်အား DV ပေါက်သည်ဟူ၍ ဘယ်သောအခါမှ အီးမေးလ်ပေးပို့မည် မဟုတ်ပါ။ DV မဲသည် အခမဲ့ဖြစ်သည်။ မဲလျှောက်ရန် ငွေကြေး တစ်စုံတစ်ရာ ပေးချေဖို့ မလိုအပ်ပါ။ 

 လိမ်လည်လှည့်ဖျားမှုများအား တိုင်ကြားခြင်း 

လိမ်လည်မှုများအား တိုင်ကြားခြင်းသည် သင့်အား များစွာအထောက်အကူ ဖြစ်စေသည်။ ထိုသို့ပြုလုပ်ပါက အခြားသူများကိုပါ ဤလိမ်လည်မှုများ ကြုံတွေ့ခံရခြင်းမှ ကာကွယ်ရာရောက်သည်။ သင့်အမည်ကို မပေးပို့ဘဲ လိမ်လည်မှုများကို အမည်မဖော် တိုင်ကြားနိုင်ပါသည်။ တစ်စုံတစ်ဦးကိုယ်စားလည်း တိုင်ကြားပေးနိုင်ပါသေးသည်။

လှည့်ဖျားမှု သို့မဟုတ် လိမ်လည်မှုအကြောင်း၏ အသေးစိတ်အချက်အလက်ကို သေသေချာချာ စုဆောင်းထားပါ။ 

  • ဖြစ်ရပ်၏ ရက်၊ အချိန်နှင့် နေရာ
  • ဆက်စပ်ပတ်သက်သော လုပ်ငန်း သို့မဟုတ် လူတစ်ယောက်၏ အမည်နှင့် ၄င်းတို့အား ဆက်သွယ်နိုင်မည့် အချက်အလက်
  • ပြစ်မှုမည်သို့ကျူးလွန်ကြောင်း ဖော်ပြချက် 
တိုင်ကြားမည်
လိမ်လည်မှုအမျိုးအစား
ရွှေ့ပြောင်းခိုလှုံခွင့် အကျိုးအမြတ်မက်လုံးပေး လိမ်လည်မှုများ
ရွှေ့ပြောင်းခိုလှုံခွင့်ဆိုင်ရာ လိမ်ညာမှုများ
ရွှေ့ပြောင်းခိုလှုံခွင့်ဆိုင်ရာ တရားစွဲဆိုခြင်းဆိုင်ရာ လိမ်လည်မှုများ
လူကုန်ကူး၍ လိမ်လည်မှုများ
USCISနှင့် ပူးတွဲထားသည်ဟုဆိုသော သံသယဖြစ်ဖွယ်အီးမေးလ်များ၊ ဝက်ဆိုဒ်များ သို့မဟုတ် ဆိုရှယ်မီဒီယာအကောင့်များ
အထွေထွေလိမ်လည်မှုများ
ဆုံးရှုံးသွားသော ပိုက်ဆံ သို့မဟုတ် ပစ္စည်း
လှည့်ဖျားမှု
အင်တာနက်ပေါ်မှလိမ်လည်မှုများ
အလုပ်လိမ်လှည်မှုနှင့် အလွဲသုံးစားလုပ်မှု

အကူအညီလိုအပ်ပါက ယုံကြည်ရသော မိသားစုတစ်ဦး သို့မဟုတ် သူငယ်ချင်းတစ်ယောက်နှင့် ဆွေးနွေးကြည့်ပါ။ အကယ်၍တစ်စုံတစ်ဦးက သင့်အားချိန်းခြောက်နေပါက အကူအညီရယူရန် ရှာဖွေပါ

အခြားသော အချက်အလက်အမှားများကို သတိပြုပါ

အထူးသဖြင့် ရွှေ့ပြောင်းခိုလှုံသည့် ကိစ္စရပ်နှင့် ပတ်သက်၍ များစွာသော သတင်းအတုအယာင်များ ပျံ့နှံ့လျက်ရှိသည်။ မဟုတ်မမှန်သောအချက်အလက်နှင့် သတင်းအမှားများကို သတိပြုနေပါ။ မဟုတ်မမှန်သောအချက်အလက်ကို သတင်းတုဟုခေါ်လေ့ရှိသည်။ ယင်းတို့သည် သင့်အတွေးအမြင်ကို လွှမ်းမိုးခြယ်လှယ်နိုင်ရန် ပစ်မှတ်ထားကြသည်။ သတင်းအချက်အလက်မှားများသည် သင့်အား တမင်လှည့်စားရန် ရည်ရွယ်ချင်မှ ရည်ရွယ်မည်ဖြစ်သော်လည်း မဟုတ်မမှန်သော အချက်အလက်များကို ပေးမြဲပေးဆဲဖြစ်သည်။

အကြံပြုချက်များ


ဤစာမျက်နှာရှိ အချက်အလက်များကို USCIS, FTC, DOJ, USA.gov, နှင့် အခြား ယုံကြည်ရသောရင်းမြစ်များမှ ရရှိပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ နားလည်ရလွယ်ကူသော အချက်အလက်များကို ပုံမှန် အပ်ဒိတ်လုပ်ပြီး ပေးအပ်ရန် ဖြစ်ပါသည်။ ဤအချက်အလက်များသည် ဥပဒေရေးရာအကြံဉာဏ် မဟုတ်ပါ။

မျှဝေခြင်း