မျှဝေခြင်း

Burma (မြန်မာ) အတွက် ယာယီ အကာအကွယ်ပေးထားသည့် အခြေအနေ

ဤစာမျက်နှာကို အောက်ပါဘာသာစကားဖြင့်လည်း ဘာသာပြန်ထားပါသည် -

သင့်တွင် TPS Burma (မြန်မာ) မရှိသေးပါက ယခုမှစ၍ 2024 ခုနှစ်၊ မေလ 25 ရက်အထိ လျှောက်ထားနိုင်ပါသည်။ သင့်အား ယာယီကာကွယ်ထားသည့် အခြေအနေ ပေးအပ်ထားပါက ၎င်းသည် 2024 ခုနှစ်၊ မေလ 25 ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။ သင်လည်း ခံစားခွင့်ရှိ၊ မရှိ သိရှိရန်နှင့် လျှောက်ထားပုံလျှောက်ထားနည်းကို သိရှိရန် လေ့လာပါ။ ထို့အပြင် TPS ရှိပြီးသူများအတွက် သတင်းအချက်အလက်။

မွမ်းမံထားသည်။ ဇန်နဝါရီ 18, 2023

TPS ဆိုတာ ဘာလဲ

ယာယီအကာအကွယ်ပေးထားသည့် အခြေအနေ (TPS) ဆိုသည်မှာ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီးသားလူများအတွက် ရွှေ့ပြောင်းနေထိုင်မှု အခြေအနေ ပုံစံတစ်ခုဖြစ်သည်။ TPS သည် လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကဲ့သို့သော အန္တရာယ်များကြောင့် မိမိမွေးရပ်မြေသို့ ပြန်၍မရသူများအတွက် ဖြစ်သည်။

သင့်တွင် TPS ရှိလျှင် လုပ်ဆောင်နိုင်သည့်အရာများ –

  • အမေရိကတွင် အချိန်အတိုင်းအတာ တစ်ခုအထိ တရားဝင် နေထိုင်နိုင်ခြင်း
  • အမေရိကတွင် အလုပ်လုပ်ခွင့်ပါမစ်အတွက် လျှောက်ထားနိုင်ခြင်း
  • အမေရိကပြင်ပသို့ ခရီးသွားရန် လျှောက်ထားနိုင်ခြင်း
  • ထိန်းသိမ်းခံရခြင်းနှင့် နေရပ်ပြန်ပို့ခံရခြင်းတို့မှ အကာအကွယ်ရနိုင်ခြင်း 

သင့်လျှောက်လွှာကို အတည်ပြုမပြီးမချင်း TPS အကျိုးခံစားခွင့်များကို ရရှိမည်မဟုတ်ပါ။ TPS သည် ယာယီဖြစ်သည်။ ၎င်းသည် သင့်အား တရားဥပဒေအရ အမြဲတမ်းနေထိုင်ခွင့် အခြေအနေ၊ နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် အမြဲတမ်း ရွှေ့ပြောင်းနေထိုင်မှု အခြေအနေကို ပေးအပ်ခြင်းမဟုတ်ပါ။ 

အသေးစိတ်သိရှိရန် USCIS TPS Burma (မြန်မာ) စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။

အသစ် လျှောက်ထားသူများ

လျှောက်ထားနိုင်သည့် ပုဂ္ဂိုလ်

အောက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ လျှောက်ထားနိုင်မည် –

  • အမေရိကသို့ မရောက်ရှိမီ Burma (မြန်မာ) နိုင်ငံသားဖြစ်ရမည် သို့မဟုတ် နိုင်ငံသားမဟုတ်ဘဲ Burma (မြန်မာ) တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူ ဖြစ်ရမည်။
  • 2022 ခုနှစ်၊ စက်တင်ဘာလ 25 ရက်မှစ၍သာ အမေရိကတွင် နေထိုင်နေသူ ဖြစ်ရမည်
  • 2022 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်နောက်ပိုင်း အမေရိကမှ ထွက်ခွာမထားသူ ဖြစ်ရမည်

အချို့သော ရာဇဝတ်မှုများကို ကျူးလွန်ထားပါက သင်သည် အရည်အချင်းမပြည့်မီနိုင်ပါ။

အစိုးရအထောက်အပံ့ကို အဓိကမှီခိုသူ နိုင်ငံခြားသား ဖြစ်ခြင်း/မဖြစ်ခြင်းသည် TPS လျှောက်ထားသူများနှင့် သက်ဆိုင်ပါ။ သတ်မှတ်ချက်နှင့်ကိုက်ညီသော မည်သည့်အစိုးရအစီအစဉ်ကိုမဆို သင်အသုံးပြုနိုင်သည်။

လျှောက်ထားပုံ

Form I-821 (ပုံစံ I-821) တင်သွင်းခြင်းဖြင့် TPS Burma (မြန်မာ) ကို လျှောက်ထားနိုင်သည်။ သင်၏လျှောက်လွှာကို USCIS ထံသို့ စာတိုက်မှဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ ပေးပို့နိုင်သည်။

သင်၏ အထောက်အထား၊ နိုင်ငံသားဖြစ်မှုနှင့် ဝင်ရောက်သည့် ရက်စွဲတို့ကို သက်သေပြသည့် စာရွက်စာတမ်းများကို ပေးပို့ရမည်။ ၎င်းတို့ကို What to File (တင်သွင်းရမည့်အရာ) ကဏ္ဍတွင် ဖော်ပြထားသည်။

TPS အတွက် ပထမဆုံးအကြိမ် လျှောက်ထားခြင်းဖြစ်လျှင် အခကြေးငွေ ပေးဆောင်ရမည်။ ကျသင့်ငွေပေးချေရန် မတတ်နိုင်ပါက အခကြေးငွေကို လျှော်ပေးရန် လျှောက်ထားနိုင်သည်။ how to use the USCIS fee calculator (USCIS ကျသင့်ငွေတွက်စက် အသုံးပြုနည်း) ကို လေ့လာပါ။

2024 ခုနှစ်၊ မေလ 25 ရက်နောက်ဆုံးထား၍ လျှောက်ထားရန်လိုသည်။

ရှေ့ဆက်လုပ်ရမည့်အရာများ

USCIS သည် သင့်လျှောက်လွှာကို ပြန်လည်သုံးသပ်ပြီး လက်ခံရရှိကြောင်း အသိပေးစာကို သင့်ထံ ပေးပို့ပါမည်။ သင်၏ လက်ခံပြေစာနံပါတ်ကို ရိုက်ထည့်ခြင်းဖြင့် လျှောက်ထားမှု အခြေအနေကို အွန်လိုင်းတွင် စစ်ဆေးနိုင်သည်။ တင်သွင်းပြီး 3 ပတ်အတွင်း လက်ခံပြေစာမရရှိပါက USCIS Contact Center (USCIS ဆက်သွယ်ရန်ဌာန) သို့ ဖုန်းခေါ်ဆိုနိုင်သည်။

နောက်ထပ် အထောက်အထားများကို တောင်းဆိုသည့် စာတစ်စောင်ကိုလည်း သင်ရရှိနိုင်သည်။ ၎င်းသည် သင့်ဓာတ်ပုံ၊ လက်ဗွေရာများ၊ လက်မှတ်နှင့် အခြားစာရွက်စာတမ်းများ ဖြစ်နိုင်သည်။ 

သင့်လျှောက်လွှာကို အတည်ပြုသည့် သို့မဟုတ် ငြင်းပယ်သည့် စာတစ်စောင်ကို သင်ရရှိမည်ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်လုပ်ခွင့်ပါမစ်အတွက် လျှောက်ထားပါက သင်၏ လျှောက်လွှာနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ရရှိမည်ဖြစ်သည်။

သင် TPS မရပါက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ခြင်း ရှိ၊ မရှိနှင့် အယူခံဝင်ပုံဝင်နည်း အချက်အလက်များကို ရရှိမည်ဖြစ်သည်။

လက်ရှိ TPS ရထားသူများ

အကယ်၍ သင့်တွင် TPS for Burma (မြန်မာ) ရပြီးသားဖြစ်ပါက 2024 ခုနှစ်၊ မေလ 25 ရက်အထိ အကျိုးခံစားခွင့်များဆက်လက်ရရှိရန် 2022 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်နောက်ဆုံးထားပြီး ပြန်လည်မှတ်ပုံတင်ရမည်။

အလုပ်လုပ်ခွင့်ပါမစ်

TPS ရှိသူများသည် အလုပ်လုပ်ခွင့်ပါမစ်များကို ရရှိနိုင်ပြီး ယင်းတို့ကို အလုပ်လုပ်ရန်ခွင့်ပြုချက် စာရွက်စာတမ်း (EAD) ဟု လူသိများသည်။ ၎င်းသည် USA တွင် သင့်အား အလုပ်လုပ်ခွင့်ပြုထားကြောင်း အလုပ်ရှင်များကို ပြသပါသည်။

Form I-765 (ပုံစံ I-765) ကို တင်သွင်းခြင်းဖြင့် အလုပ်လုပ်ခွင့်ကို လျှောက်ထားနိုင်ပါသည်။ TPS ကို လျှောက်ထားသည့်အချိန်မှာပင် ၎င်းကိုလည်း လျှောက်ထားရန် အကြံပြုထားပါသည်။ ပုံစံနှစ်ခုစလုံးကို အတူတကွတင်သွင်းခြင်းသည် EAD ကို ပို၍မြန်မြန် ရရှိစေနိုင်သည်။ ပြီးမှလည်း လျှောက်ထားနိုင်ပါသည်။

လက်ရှိ စာရင်းသွင်းကာလအတွင်း EAD အသစ်တစ်ခုကို လျှောက်ထားပါက သင်၏အလုပ်လုပ်ခွင့်ပါမစ်သည် 2024 ခုနှစ်၊ မေလ 25 ရက်အထိ တရားဝင်ပါမည်။ 

ခရီးသွားခွင့်

TPS ရှိသောသူများသည် ခရီးသွားခွင့်များ ရရှိနိုင်ပါသည်။ ၎င်းကို အဆင့်မြှင့်ထားသော ယာယီပြည်ဝင်ခွင့်ပြုခြင်းအဖြစ် လူသိများသည်။ ၎င်းသည် သင့်အား ပြည်ပသို့ ခရီးသွားခွင့်ပြုပြီး USA သို့ ပြန်လာခွင့်ပြုထားကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများကို ပြောပြပေးသည်။

ပုံစံ I-131 (Form I-131) ကို တင်သွင်းခြင်းဖြင့် ခရီးသွားခွင့်အတွက် လျှောက်ထားနိုင်ပါသည်။ ခရီးသွားခွင့်အတွက် လျှောက်ထားသည့်အချိန်တွင် ဖက်ဒရယ်မှတ်ပုံတင် သတိပေးချက်ပါ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

သင်သည် အလုပ်လုပ်ခွင့်ပါမစ်နှင့် ခရီးသွားခွင့်ကို တစ်ပြိုင်နက်တည်းဖြစ်စေ၊ သီးခြားစီဖြစ်စေ လျှောက်ထားနိုင်ပါသည်။ 

TPS သက်တမ်းကုန်ဆုံးသွားသည့်အခါ ဘာဆက်ဖြစ်မလဲ။

၎င်းသက်တမ်းကုန်ချိန်မတိုင်မီ ရက် 60 အလိုတွင် DHS သည် တိုင်းပြည်အခြေအနေများကို ပြန်လည်သုံးသပ်ပါမည်။ ဆက်ပေးမည်၊ မပေးမည်ကို ၎င်းတို့က ဆုံးဖြတ်ပါမည်။ TPS Burma (မြန်မာ) သက်တမ်းကုန်သွားပါက ယာယီ အကာအကွယ်ပေးထားသည့် အခြေအနေမရရှိမီ သင့်တွင်ရှိခဲ့သည့် အလားတူ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေ ရှိပါမည်။

TPS အတွက် မလျှောက်ထားမီ သင့်တွင် တရားဝင် ရွှေ့ပြောင်းနေထိုင်မှု အခြေအနေ မရှိခဲ့ပါက သင်သည် အထောက်အထားမဲ့ ဖြစ်သွားနိုင်ပါသည်။ သတ်မှတ်ချက်ပြည့်မီလျှင် ရွှေ့ပြောင်းနေထိုင်မှု အခြေအနေ နောက်တစ်နည်းကို လျှောက်ထားနိုင်ပါသည်။ 

တရားဝင် နေထိုင်ခွင့်တစ်ခုခု မရှိဘဲ နေထိုင်ပါက ဖမ်းဆီးခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရခြင်းတို့ ဖြစ်နိုင်ဖွယ်ရှိသည်။ 

ကျွန်ုပ်၏ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေကို ပြောင်းလဲနိုင်ပါသလား။

အခြား ရွှေ့ပြောင်းနေထိုင်ခွင့် အခြေအနေ ရရှိထားစဉ် တစ်ချိန်တည်းမှာပင် TPS ကိုလည်း ရရှိခွင့်ရှိသည်။ 

လျှောက်လွှာများအတွက် သတ်မှတ်ချက်ပြည့်မီပါက နိုင်ငံရေးခိုလှုံခွင့်တရားဝင် အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကတ်) သို့မဟုတ် အခြား အကာအကွယ်ပေးထားသော နေထိုင်ခွင့်တို့အတွက် လျှောက်ထားနိုင်ပါသည်။

မည်သည့်နေရာတွင် အကူအညီ တောင်းနိုင်ပါသလဲ။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အတိုင်ပင်ခံရှေ့နေ သို့မဟုတ် အသိအမှတ်ပြုလက်မှတ်ရ ကိုယ်စားလှယ်ထံမှ ဥပဒေရေးရာ အကြံဉာဏ်ကို ရယူရန် အရေးကြီးပါသည်။ ၎င်းတို့သည် သင့်အား ကူညီ၍ လျှောက်ထားပေးနိုင်သည့်အပြင် မေးစရာများ သို့မဟုတ် စိုးရိမ်မှုများကို ဆွေးနွေးပေးနိုင်ပါသည်။ အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်သက်သာသော ဥပဒေရေးရာ ဝန်ဆောင်မှုများကို ပေးအပ်သည့် အဖွဲ့အစည်းများနှင့် ရှေ့နေများစွာ ရှိပါသည်။

မြန်မာသံရုံးထံမှ နောက်ထပ်အချက်အလက်များကို ရရှိနိုင်ပါသည်။ မြန်မာသံရုံး ဖုန်းနံပါတ် (202) 332-3344 သို့ ဖုန်းခေါ်ဆိုနိုင်သည် သို့မဟုတ် Washington D.C ရှိ ၎င်း၏ရုံးသို့ သွားရောက်နိုင်ပါသည်။

lawyer reviewing information
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်ညာမှုများအား ရှောင်ကြဉ်ပါ။

စာရွက်စာတမ်းအတုပြုလုပ်ခြင်းနှင့် ဝက်ဆိုက်ဒ် အတုအယောင်များကဲ့သို့ အဖြစ်များသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်ညာမှုများကို လေ့လာပါ။ သင့်ကိုယ်သင် မည်သို့ ကာကွယ်ရမည်နှင့် အကယ်၍ သင်သည် လိမ်ညာမှုခံရပါက မည်သို့လုပ်ဆောင်ရမည်ကို နားလည်သိရှိအောင်လုပ်ပါ။

ပိုမိုလေ့လာရန်။

ဤစာမျက်နှာရှိ အချက်အလက်များကို DHS, USCIS, နှင့် အခြား ယုံကြည်ရသောရင်းမြစ်များမှ ရရှိပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ နားလည်ရလွယ်ကူသော အချက်အလက်များကို ပုံမှန် အပ်ဒိတ်လုပ်ပြီး ပေးအပ်ရန် ဖြစ်ပါသည်။ ဤအချက်အလက်များသည် ဥပဒေရေးရာအကြံဉာဏ် မဟုတ်ပါ။

မျှဝေခြင်း